Sports

ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ဖာနန်ဒက်စ်လိုချင်နေတဲ့ ကစားသမား ရီးရဲနောက်ခံလူ ရာဖေးလ် ဗာရန်းအား ပေါင် သန်း ၄၀ဖြင့် ကမ်းလှမ်းမည်

ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ဖာနန်ဒက်စ်လိုချင်နေတဲ့ ကစားသမား ရီးရဲနောက်ခံလူ ရာဖေးလ် ဗာရန်းအား ပေါင် သန်း ၄၀ဖြင့် ကမ်းလှမ်းမည်

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကတော့ လာမဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့အတွက်ယူနိုက်တက်အသင်းကို ကစားသမားအသစ်နှစ်ယောက် ခေါ်ယူပေးဖို့ တိုက်တွန်းထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ထွက်ပေါ်လာတဲ့သတင်းတွေအရ ဖာနန်ဒက်စ်ဟာ မဂွိုင်းယားနဲ့တွဲဖက်ကစားဖို့ ဗလိုနောက်ခံလူအသစ်တစ်ယောက် အသင်းကိုရောက်စေချင်နေပြီး ရီးရဲနောက်ခံလူ ရာဖေးလ် ဗာရန်းနဲ့ ပေါလ်တောရက်စ်တို့ထဲက တစ်ယောက်ယောက်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

United သည် Real Madrid နောက်ခံလူ Raphael Varane အတွက် ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းမည်ဖြစ်သည်။ Varane သည် Real Madrid နှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိသည်။

Unicode



