Celebrity Local News

ချစ်သမီးငယ်လေး မစ်မစ်တုန်ရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးကို အဝေးကနေပဲဆုတောင်းရင်း စိတ်မကောင်းဖြစ်နေရှာတဲ့ Rဇာနည်

တေးသီချင်းများကို အကောင်းဆုံး သီဆိုနိုင်သူကတော့ အဆိုတော် R ဇာနည်ပဲဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းများစွာကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောကမှာ အောင်မြင်မှုတွေရရှိထား သူတစ်ဦးပဲ ဖြစ်ပြီး ပြန်ဆိုတေးများပြန်လည်သီဆိုရာတွင်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါ တယ်။

သီချင်းတွေနဲ့ အလှမ်းဝေးခဲ့တဲ့ အဆိုတော် R ဇာနည်က ဂီတလောကထဲကို တစ်ဖန်ပြန်ရောက်လာချိန်မှာလည်း အမာခံပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ သီချင်းတွေအကောင်းဆုံး ဖန်တီးနေနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ယခုဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေအားကျေ နရတဲ့ မိသားစုလေးဖြစ်ပါ တယ်။

သူကတော့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲဆိုသလို ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာလည်းဖြစ်ပါတယ်။အခုလည်း မစ်မစ်လေးရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးကို အဝေးကနေပဲဆုတောင်းပေးရင်း သမီးလေးဘေးနားမှာ အတူမရှိနိုင်တာကြောင့် စိတ်မကောင်းဖြစ်မိကြောင်းရေးသားဖော်ပြ လာပါတယ်။ ” Happy Birthday သမီးငယ် မစ်မစ်လေး သမီးရဲ ပထမဆုံး တစ်နှစ်ပြည့်မွေးနေ့မှာ ပါပါး သမီးနဲ့အတူရှိမနေနိုင်တာ sorry ပါနော် ပါပါးသမီးလေးကိုအရမ်းလဲလွမ်းတယ် အရမ်းလဲချစ်တယ်နော် သမီးလေး မေဘုန်းဇာနည် တစ်နှစ်ပြည့်မှ နှစ်ပေါင်းများစွာ မိသားစုနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ ကိုယ်ကျန်းမာစိတ်ချမ်းသာ ပြီး ဘာသာသာသနာအကျိုး လူသားအားလုံးအကျိုးကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပါစေ လို့ ပါပါးဆုတောင်းပေးပါတယ် l love you Baby “ဆိုတဲ့စာလေးဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်။




Credit– Cele Zone