Sports

CL ဝင်ခွင့်ရခဲ့မယ်ဆိုရင် လီဗာပူးရဲ့ အောင်မြင်တဲ့ ရာသီတစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်းကို ယူနိုက်တက်နဲ့ ဥပမာပေးကာ ရှင်းပြလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက လီဗာပူးတို့ ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့မယ်ဆိုရင် အောင်မြင်တဲ့ ရာသီတစ်ခုအဖြစ် ယူဆလို့ ရတယ်လို့ ဆိုလိုက်ပါတယ်။

ကာရေဂါက ”ဒီရာသီ လီဗာပူးတို့ ရရှိခဲ့တဲ့ ဒဏ်ရာပြသနာတွေအရ..အကယ်၌ သူတို့ top 4 ဝင်နိုင်ခဲ့မယ်ဆိုရင် မန်နေဂျာ နဲ့ ကစားသမားတွေဟာ သူတို့ ဒီရာသီ စွမ်းဆောင်ခဲ့မှုအတွက် တစ်နည်းနည်းနဲ့ ဂုဏ်ယူနိုင်ပါတယ်။ မန်ယူနိုက်တက်ကို ကြည့်လိုက်ပါ။ လီဗာပူးနဲ့ ပွဲမှာ သူတို့ဟာ မက်ဂွိုင်းယားကို တမ်းတနေရပါတယ်

လီဗာပူးတို့ ဖြစ်နေတဲ့ ပုံစံကတော့ သူတို့ဟာ မက်ဂွိုင်းယား လင်ဒီလော့ဖ် အဲရစ်ဘိုင်လီ တို့ကို ၆ လလောက် ဆုံးရှုံးထားသလို ဖြစ်နေတဲ့ အပြင် back up ကစားသမားတွေ ကိုလည်း လက်လွှတ်ထားရတဲ့ ပုံစံပါ။ မန်ယူနိုက်တက်တို့ ကစားသမား တစ်ဦးကို တစ်ပွဲလောက် လက်လွှတ်လိုက်တာနဲ့ ဘယ်လို သက်ရောက်မှု ရှိသလဲဆိုတာ ခင်ဗျားတို့ မြင်ခဲ့ရမှာပါ။ ဒါ့ကြောင့် သူတို့ရဲ့ အဓိက ခံစစ်မှုး ၃ ဦးကိုသာ ၆လလောက် လက်လွှတ်ခဲ့ရမယ်ဆိုရင် သူတို့ ဘယ်အဆင့်မှာ ရှိသွားနိုင်မလဲ?” လို့ ဆိုသွားပါတယ်

လီဗာပူးဟာ ဒီရာသီ သူတို့ရဲ့ အဓိက ဗဟိုနောက်ခံလူ ၃ဦးကို ဒီရာသီရဲ့ ကာလအများစုမှာ လက်လွှတ်ထားခဲ့ရပြီး back up options တွေကလည်း ဒီကြားထဲမှာ ဒဏ်ရာပြသနာတွေ ကြုံတွေ့ထားခဲ့ရပါတယ်။

ဂယ်ရီနဗီးက လီ​ဗာပူးကို ယူနိုက်တက်တို့ ရှုံးခဲ့တာဟာ မက်ဂွိုင်းယား မပါလို့ပါ ဆိုပြီး ပြောခဲ့ပေမယ့် ကာရေဂါက ဒီလို ဒဏ်ရာပြဿနာတွေ ကြားထဲက ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရှိနေသေးတဲ့ လီဗာပူးရဲ့ စွမ်းဆောင်မှုဟာ အရမ်းကို ကောင်းတယ်လို့ ထောက်ပြခဲ့ပါတယ်။

ကာရေဂါက ”ဒီရာသီ လီဗာပူးပွဲကို အမြဲတမ်း စောင့်​ကြည့်ဖြစ်တဲ့ သူတိုင်း တစ်ချို့ အချိန်တွေမှာ တကယ့်ကို ကြည့်ရတာ ခက်ခဲပါတယ်။ ရလဒ် စွမ်းဆောင်ရည် ဒဏ်ရာပြသနာတွေပေါ့။ ဒါ့ကြောင့် အကယ်၌ သူတို့ ဒီရာသီ top 4 ဝင်ခဲ့မယ်ဆိုရင် ဒါဟာ တစ်နည်းနည်းနဲ့ အောင်မြင်တယ်လို့ ပြောရမှာပါ။

သူတို့ဟာ ဒီရာသီ မေးခွန်းထုတ်မှုတွေ များစွာ ခံခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ချန်ပီယံ ဖြစ်နေလို့ပါ။ လီဗာပူး ဖြစ်နေလို့ပါ။ ဒါပေမယ့် ရာသီကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့မယ်ဆိုရင် လက်ရှိအခြေအနေ အရ သူတို့ ကျေနပ်ကြမှာပါ။ သူတို့ အဆိုးထဲက အကောင်း အဖြစ် ဒါကို လက်ခံမှာပါ။” လို့ ပြောခဲ့ပါတယ်။ Credit – SportMyanmar

SM