Local News

ကျောင်းတက်ဖို့အတွက်တိုက်တွန်းနေတဲ့မိဘတွေကို လက်ရှိမှာလုံခြုံမှုမရှိတော့တဲ့အကြောင်းပြတ်ပြတ်သားသားပြောပြလာခဲ့တဲ့မေဦး…….

ပရိတ်သတ်ကြီးရေ…မိတ်ကပ်လောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေကိုအပြည့်အဝရရှိထားတဲ့အပြင် စကားပြောပွင့်လင်းရိုးသားတာကြောင့် ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ မိတ်ကပ်ပညာရှင် မေဦးကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။အရေးတော်ပုံအောင်မြင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေတတ်နိုင်သလောက်အစွမ်းကုန်ပါဝင်နေတဲ့ မေဦးကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရသလို လက်ရှိမှာလည်း Gen Z Burma အဖွဲ့ဝင်အဖြစ် နယ်စပ်တစ်နေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်..။မေဦးကတော့ လတ်တလောအခြေအနေတွေမှာ ကျောင်းသားတွေကို ကျောင်းတက်ဖို့အတင်းအကြပ်တိုက်တွန်းနေတဲ့ မိဘတွေနဲ့ပတ်သက်ပြီးလက်ရှိဖြစ်ပျက်နေတာတွေကို ပြတ်သားစွာ ပြောပြလာတာ တွေ့ရပါတယ်..။တချို့မိဘတွေရဲ့အတင်းအကြပ်တိုက်တွန်းမှုကြောင့် ကျောင်းမသွားချင်လို့စိတ်ညစ်ပြီး သူ့ကိုလာတိုင်ပင်တဲ့ ကလေးတွေရှိပြီး ကျောင်းသား တွေအတွက် ကျောင်းမှာ မလုံခြုံမှုမရှိတဲ့ အကြောင်းတွေကို မေဦးကရှင်းလင်းပြောပြထားတာပါ..။“တစ်ချို့ Gen Lee မိဘတွေခလေးတွေကိုအတင်းအကြပ်ကျောင်းတက်ရမယ်ပြောလို့ မေဦးကို messenger ကနေ ကျောင်းမသွားချင်လို့လာတိုင်ပင်တဲ့ကျောင်းသားလေးတွေအများကြီးရှိပါတယ်အခုတော့ အဲ့ဒီ Gen Lee မိဘတွေကြည့်ကြပါခင်ဗျာ စစ်သူပုန်တွေသောင်းကျန် နေချိန်မှာခဗျားတို့သားသမီးတွေကျောင်းမှာလဲမလုံခြုံဘူးဆိုတာအမြင်မှန်ရကြပါခင်ဗျာ..” ဆိုပြီး ရေးသားပြောပြထားတာပါ..။ပြည်သူပရိသတ်တွေကလည်း မေဦးနဲ့ သဘောထားခြင်းတူညီကြတဲ့အကြောင်းတွေကို Comment တွေမှာ မှတ်ချက်ပေး ပြန်လည် ရေးသား ပြောပြထားကြတာ တွေ့ရပါတယ်..။ဖတ်ရှုပေးတဲံပရိတ်သတ်ကြီးကိုအထူးပြကျေးဇူးတင်ရှိပါတယ်။Creditcelethatin celethatin