Sports

ပေါ့ဂ်ဘာကို ရောင်းထုတ်ပြီး ဘယ်သူ့ကို ခေါ်ယူရမလဲဆိုတာ အကြံပေးလိုက်တဲ့ ယူနိုက်တက် နည်းပြဟောင်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ လက်ရှိ အချိန်မှာ ပုံစံကောင်းတွေ ပြသနေခဲ့သလို အပြောင်းအရွှေ့ သတင်းတွေပါ ငြိမ်သက်နေခဲ့တဲ့ အတွက် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ပြောဆိုသူတွေ နည်းပါးခဲ့ကြပါတယ် ။

ဒါပေမယ့် မကြာခန ထွက်ပေါ်ခဲ့ဖူးတဲ့ သူ့ရဲ့ ကောလဟာလ သတင်းတွေ ၊ အေးဂျင့် မီနို ရိုင်အိုလာ တို့ရဲ့ ကြားဝင် နှောက်ယှက်မှုတွေက ပေါ့ဂ်ဘာဟာ အသင်း ပြောင်းရွှေ့ နိုင်ဖွယ် ရှိနေသေးကြောင်း ကောက်ချက်တစ်ခုချစေနိုင်ခဲ့ပါတယ် ။

အခြားတစ်ဖက်မှာတော့ ပေါ့ဂ်ဘာဟာ လက်ရှိဘောလုံး ရာသီအတွင်း ယူနိုက်တက် အသင်းမှာ ပွဲကစားခွင့် များစွာ ရယူနိုင်ခဲ့သလို ကစားလိုတဲ့ တိုက်စစ်ပိုင်း နေရာကိုလည်း အတော်လေး ကစားခွင့် ရရှိထားခဲ့တဲ့ အတွက် အဆင်ပြေနေခဲ့ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် နည်းပြဟောင်း ရီနီ မြူလန်စတင်းကတော့ ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့ အတွေးမပြောင်းသေးပဲ ပြင်သစ်လက်ရွေးစင်ကို ရောင်းထုတ်လိုက်သင့်ကြောင်း ၊ အဆိုပါ နေရာကို အက်စတွန် ဗီလာမှ ဂျက် ဂရီလစ်ရှ် နဲ့ အစားထိုးလိုက်သင့်ကြောင်း အကြံပေးသွားခဲ့လိုက်ပါတယ် ။

” သူ ပေါ့ဂ်ဘာ က အနောက်မှာ ဖရက်ဒ် ၊ တော်မီနေး တို့လို ကစားသမား နှစ်ဦး ထားရှိပြီး ကစားလိုသူ ပါပဲ ။ သူ့ရဲ့ အကြောင်းပြချက်ကတော့ နောက်တန်းပိုင်းကို လုံခြုံစေချင်တဲ့ သ​ဘောပါပဲ ။ ဒါပေမယ့် ကျွန်တော်ကတော့ ဖန်တီးမှု စွမ်းရည် မြင့်မားပြီး မန်စီးတီးမှာ ဖာနန်ဒင်ဟို ၊ လီဗာပူးမှာ ဖာဘင်ဟို လုပ်ပြနေသလိုမျိုး လုပ်ပြနိုင်တဲ့ ကစားသမား တစ်ဦးကိုပဲ လိုအပ်တယ်လို့ ထင်ပါတယ် ”

” ပေါ့ဂ်ဘာ ဟာ ယူနိုက်တက် အသင်းမှာ မတည်ငြိမ်မှု တွေကို ဖြစ်ပေါ်စေတယ်လို့ ကျွန်တော်ထင်ပါတယ် ။ သူ ပါဝင် ကစားပေးနိုင်ရပါ့မယ် ။ ဒါပေမယ့် သူဟာ ကွင်းလယ် ခံစစ် နှစ်ယောက် နေရာမှာ မကစားပေးနိုင်ပါဘူး ။ ခင်ဗျားဟာ သူ့ကို ဘယ်ဖက်မှာ ကစားစေပြီး တစ်ခုခု လုပ်ပြနိုင်ဖို့ ကြိုးစားနေပါတယ် ”

” ကျွန်တော့်အတွက် အ​ကောင်းဆုံး နည်းလမ်းကတော့ သူ့ကို ရောင်းချလိုက်ပြီး ငွေတွေကို ရရှိဖို့ ၊ ပြီးတော့ အဲ့ဒီ နေရာအတွက် ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားကို ခေါ်ယူဖို့ပဲ ဖြစ်ပါတယ် ။ နောက်ထပ် ပြသနာကြီး တစ်ခုက ပေါ့ဂ်ဘာဟာ ဘာဖြစ်ချင်နေလဲ ၊ ဒီအသင်း အတွက် ဘယ်လောက်အထိ ပေးဆပ် ကစားချင်လဲဆိုတာ ဖန်တွေကို ပွင့်ပွင့်လင်းလင်း အသိမပေးတာပါပဲ ။ ဒါက ကျွန်တော့်အတွက် ကြီးမားတဲ့ ပြသနာ တစ်ခုပါပဲ ”

” ကျွန်တော့်အတွက် ဒီကလန် ရိုက်စ် ဆိုတာ ငယ်ရွယ်ပြီး အလားအလာ ကောင်းလွန်တဲ့ ကောင်လေး ပါပဲ။ ဒါပေမဲ့ ယူနိုက်တက် အတွက် အပါတ်စဥ် ကစားပေးဖို့ ဆိုတာက ခြားနားလှပါတယ် ။ ဒီမှာ ကစားဖို့အတွက် အမြဲ ကောင်းပြနိုင်ဖို့ လိုအပ်ပါတယ် ။ သူဟာ အသင်းအတွက် လိုအပ်တဲ့ ကစားသမား ဖြစ်နိုင်မလား ဆိုတာကိုတော့ ကျွန်တော် သေချာပေါက် မပြောနိုင်ပါဘူး ”

” ဂရီလစ်ရှ်လို ကစားသမားမျိုး… သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးနိုင်တဲ့ DNA မျိုး ပိုင်ဆိုင်နေပါတယ် ။ သူဟာ ရည်မှန်းချက် ကြီးမားတဲ့သူ ဖြစ်တဲ့ အတွက် အဲ့တာက အသင်းကို ပိုကောင်းစေနိုင်ပါလိမ့်မယ် ။ သူဟာ ဘောလုံး လုယူနိုင်သလို လိမ်ခေါက် ကျော်ဖြတ်ခြင်း ၊ ဂိုးဖန်တီးခြင်း ၊ သွင်းယူခြင်း တွေကိုပါ လုပ်ပြနိုင်ပါတယ် ” လို့ မြူလန်စတင်းက ​အကြံပေးသွား ခဲ့လိုက်ပါတယ် ။

#Sports_Myanmar