Sports

ဝင်ဘလေကွင်းထဲက ခြင်္သေ့ပြာတပ်သားတွေနဲ့ မြေခွေးပြာတပ်သားတို့ရဲ့ အက်ဖ်အေဖလား ဖိုင်နယ် ပွဲစဉ်အတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်

ယခုနှစ် အက်ဖ်အေဖလား ဖိုင်နယ် ပွဲစဉ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အနေအထား သိပ်မကွာတဲ့ အသင်း ၂ သင်း ထိပ်တိုက် တွေ့ဆုံနေတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ချဲလ်ဆီး နဲ့ လက်စတာ တို့ဟာ ဒီရာသီရဲ့ ကာလအများစုမှာ top 4 အတွင်း ရှိနေတဲ့ အသင်းတွေ ဖြစ်တာကြောင့် ကြားနေပရိတ်သတ်တွေ အတွက် အရည်အသွေး ပြည့်၀တဲ့ အသင်း ၂ သင်းရဲ့ ဖျော်ဖြေမှု ပေးနိုင်မယ့် ဖိုင်နယ် ဖြစ်လာမှာပါ။

မကြာသေးမီက form အရ ချဲလ်ဆီးဟာ ဗိုလ်စွဲဖို့ အတွက် ရေပန်းစားနေမှာပါ။ အာဆင်နယ်ကို ကြားရက်မှာ ရှုံးနိမ့်ထား ခဲ့ပေမယ့်လည်း သောမတ်တူချယ်ဟာ ဖရန့်လမ်းပတ်ရဲ့ နေရာကို ဆက်ခံခဲ့ပြီးနောက်ပိုင်း အကောင်းဆုံး လုပ်ပြ ထားပါတယ်။ ဒါဟာ ဒီလမှာ ချဲလ်ဆီး အတွက် အရေးကြီးဆုံး ပွဲစဉ် ၂ ပွဲက တစ်ပွဲ ဖြစ်ပါတယ်။

လက်စတာ ကတော့ အင်အားပြည့် လူစာရင်းကို မထုတ်ခဲ့တဲ့ မန်ယူနိုက်တက်ကို အနိုင်ယူကာ ၂ ပွဲဆက် နိုင်ပွဲမရှိ မှတ်တမ်းကို အဆုံးသတ်ခဲ့ပါတယ။် ဒါ့ကြောင့် ဒီနိုင်ပွဲဟာ သူတို့ရဲ့ ယုံကြည်မှုကို တစ်စုံတစ်ရာ တိုးတက်စေမှာပါ။

ဒီနှစ်သင်းကြား ကွာဟချက် သိပ်အများကြီး မရှိပါဘူး။ ချဲလ်ဆီး အနေနဲ့ လက်စတာရဲ့ တန်ပြန် တိုက်စစ်ကို သတိထားရမှာပါ။ ဒါပေမယ့်လည်း ဒီနေရာမှာ ပွဲကြီးပွဲကောင်းတွေကို manage လုပ်နိုင်တဲ့ သူတို့ရဲ့ အတွေ့အကြုံ..အထူးသဖြင့် ဥရောပ အတွေ့အကြုံဟာ ဒီဖိုင်နယ်မှာ အဓိက ကျလာ ပါလိမ့်မယ်။

ကျွန်တော် ခုနက ပြောထားခဲ့သလိုပဲ ဒီပွဲစဉ်ဟာ အကြိတ်အနယ် ဖြစ်လာ နိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲစဉ် အပြီး ၀င်ဘာလေမှာ ဖလား ကိုင်မြှောက်နိုင်မယ့် အသင်းဟာ ချဲလ်ဆီးပဲ ဖြစ်လာ လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် – ချဲလ်ဆီး ၂-၁ လက်စတာ

SM

Credit – SportMyanmar