Sports

ယူရိုသန်း ၇၀ ရမှာသာ ရောင်းချမယ်ပြော ၊ ယူနိုက်တတ်နဲ့ ဆက်သယ်ထားခြင်းမရှိ ၊ တွမ်ဟီတန် ယူနိုက်တတ်နဲ့ သဘောတူညီမှုရထား ၊ ယူနိုက်တတ်က ဆန်ချိုပြောင်းရွေ့မယ် ယုံကြည်ထား

မေလ၁၅ရက် ညပိုင်းယူနိုက်တက် သတင်းများ

၁။ရီးရဲလ်အသင်းက တော့ ဗာရန်းကို စာချုပ်သစ်ထပ်မံ ချုပ်ဆိုပြီး ဆက်ထိန်းထားချင်ပေမဲ့ ကစားသမားကိုယ်တိုင်က ထွက်ခွာချင်ပါ က ရီးရဲလ် ဘက်က ဗာရန်းအတွက် ပြောင်းရွေ့ကြေးယူရိုသန်း၇၀ရမှာသာ ရောင်းချမယ် လို့သိရပါတယ်။
(AS)

၂။ပြီးခဲ့တဲ့ ရက်ပိုင်းက ယူနိုက်တက် အသင်းက ဂီတာဖေး အသင်းရဲ့ ကွင်းလယ်လူ Arambarriကို ခေါ်ယူမယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ယူနိုက်တက်အသင်းက ထိုကစားသမားနဲ့ပတ်သက်ပြီး ဆက်သွယ်ထားခြင်းမရှိသေးဘူးလို့သိရပါတယ်။
(SportWitness)

၃။ဗီလာအသင်းက တွမ်ဟီတန်ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချခဲ့ပြီး ယူနိုက်တက် အသင်းကို ရာသီကုန်မှာ ပြောင်း‌ရွေ့ဖို့ သဘောတူညီမှု ရထားတယ်လို့လည်းသိရပါတယ်။
(Football Insider)

၄။ယူနိုက်တက် အသင်းက ဆန်ချိုကို ပေါင်၆၅သန်းနဲ့ ၇၅သန်းကြားကမ်းလှမ်းဖွယ်ရှိပြီး ဆန်ချိုကလည်း ယူနိုက်တက် ထံ‌ေပြာင်း‌ေရွ့နိုင်မယ်လို့ ယုံကြည်နေ‌ေကြာင်းသိရပါတယ်။ (Eurosport)


#unitedinmyanmar