Sports

ယူနိုက်တတ်အသင်းကတော့ ဗာရန်း ကို ခေါ်ယူဖို့ ရီးရဲလ်အသင်းထံ ကမ်းလှမ်း လိုက်ပါပြီး

ယူနိုက်တတ်အသင်းကတော့ ဗာရန်းခေါ်ယူဖို့ ရီးရဲလ်အသင်းထံ ကမ်းလှမ်း လိုက်ပါတယ် ရီးရဲလ်အသင်းက တော့ ဗာရန်းကို စာချုပ်သစ်ထပ်မံ ချုပ်ဆိုပြီး ဆက်ထိန်းထားချင်ပေမဲ့ ကစားသမားကိုယ်တိုင်က ထွက်ခွာချင်ပါ က ရီးရဲလ် ဘက်က ဗာရန်းအတွက် ပြောင်းရွေ့ကြေးယူရိုသန်း၇၀ရမှာသာ ရောင်းချမယ် လို့ အစောပိုင်းသတင်းတွေ ထွက်ပေါ်နေပေမဲ့ တကယ် တကယ်ခေါ်ယူဖို့ ကမ်းလှမ်း တဲ့ ယူနိုက်တတ် အဖွင့် ကြေးမှာတော့ ယူရိုသန်း ၄၀နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်အသင်းကတော့ ယူနိုက်တတ် ရဲ့ အဖွင့်ကြေး မလုံလောက်ကြောင်း ပြောဆိုခဲ့ပါတယ် သူ့တို့အနေနဲ့ ဗာရန်း ပြောင်းရွေ့ကြေးကို ယူရိုသန်း ၆၀ နဲ့ ကိုင်ထားမယ်ဆိုထားပါတယ်။

ထွက်ပေါ်လာတဲ့သတင်းတွေအရ ဖာနန်ဒက်စ်ဟာ မဂွိုင်းယားနဲ့တွဲဖက်ကစားဖို့ ဗဟိုနောက်ခံလူအသစ်တစ်ယောက် အသင်းကိုရောက်စေချင်နေပြီး ရီးရဲနောက်ခံလူ ရာဖေးလ် ဗာရန်းနဲ့ ပေါလ်တောရက်စ်တို့ထဲက တစ်ယောက်ယောက်ဖြစ်လာဖို့ မျှော်လင့်ထားပြီး ယူနိုက်တတ် အနေနဲ့ ဗာရန်းကို ခေါ်ယူမလားဆိုတာ စောင့်ကြည့်ရမှာပါ။