Sports

ပေါ့ဘာကို အသင်းမှာဆက်ရှိစေချင်တဲ့ ဆိုးလ်ရှားရဲ့ဆန္ဒကို ယူနိုက်တက်တာ၀န်ရှိသူတွေငြင်းပယ်သွားမလား

ယူနိုက်တက်အသင်းရဲ့တာ၀န်ရှိသူတွေနဲ့ နည်းပြဆိုးလ်ရှားတို့ကြားမှာ ပေါလ်ပေါ့ဘာနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ပေါလ်ပေါ့ဘာရဲ့အေးဂျင့်မိနိုရိုင်အိုလာဟာ ပေါ့ဘာရဲ့စာချုပ်အသစ်မှာ တပတ်လုပ်ခပေါင်၄သိန်းတောင်းဆိုနေတာဖြစ်ပြီး ယူနိုက်တက်တာ၀န်ရှိသူတွေကတော့ များပြားလွန်းနေတဲ့အတွက် ပေးချေဖို့ လက်တွန့်နေပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ ပေါ့ဘာကို အသင်းမှာဆက်ရှိစေချင်နေချင်နေပေမဲ့ ယူနိုက်တက်တာ၀န်ရှိသူတွေကတော့ ဆိုးလ်ရှားရဲ့ဆန္ဒကို ငြင်းပယ်သွားဖို့ ရှိနေပါတယ်။ပေါ့ဘာရဲ့စာချုပ်သက်တန်းဟာ နောက်နှစ်ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ဒီနှစ်ရာသီကုန်မှာ စာချုပ်အသစ်ချုပ်ရင်ချုပ်၊မဟုတ်ရင် ရောင်းထုတ်ထားမှသာ အကျိုးရှိမှာပါ။

အပြောင်းအရွှေ့စျေးကွက်မှာ ပေါ့ဘာရဲ့လက်ရှိတန်ဖိုးဟာ ပေါင်၅၅သန်းလောက်ပဲရှိနေပြီး သူ့ကို ဂျူဗင်တပ်စ်အသင်းစီကနေ ပြန်လည်၀ယ်ယူခဲ့စဥ်က ပေးခဲ့ရတဲ့ ပေါင်၈၉သန်းအောက် ပေါင်၃၄သန်းထိကို လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။

စပိန်ကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကလည်း ပေါ့ဘာရဲ့လုပ်ခလစာကို ပေးချေရဖို့လက်တွန့်သွားနိုင်သလို သူ့ရဲ့အသင်းဟောင်း ဂျူဗင်တပ်အသင်းကလည်း ချံပီယံလိဂ်၀င်ခွင့်ရဖို့ကို ရုန်းကန်နေရဆဲ ဖြစ်နေတာကြောင့် ပေါ့ဘာကိုခေါ်ယူဖို့ အခက်တွေ့လာနိုင်ပါတယ်။

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းသာ ပေါ့ဘာရဲ့ပြောင်းရွှေ့ကြေးတွေ ၊လုပ်ခလစာတွေကို ပေးချေဖို့ အခက်အခဲမရှိနိုင်ပြီး ဘယ်အသင်းကို ပြောင်းရွှေ့ဖြစ်မလဲဆိုတာတော့ ပေါ့ဘာအပေါ် မူတည်နေမလား၊သူ့ရဲ့အေးဂျင့်ရဲ့စနက်တွေကပဲ ၀ါးမြိုသွားမလား စောင့်ကြည့်ရမှာပါ။

Unicode




