Local News

အခုချိန်မှာ မူကြိုတက်ပြီးစာသင်နေရမယ့် သမီးလေးက စစ်ဘေးရှောင်အဖြစ်နဲ့ တောထဲပြေးနေရလို့ ရင်နာနေရတဲ့မိခင်တစ်ဦး

အခုချိန်မှာ မူကြိုတက်ပြီးစာသင်နေရမယ့် သမီးလေးက စစ်ဘေးရှောင်အဖြစ်နဲ့ တောထဲပြေးနေရလို့ ရင်နာနေရတဲ့မိခင်တစ်ဦး

လက်ရှိအခြေအနေမှာဆိုရင် မင်းတပ်မြို့နေပြည်သူတွေလည်း မိမိတို့မှာရှိသလောက် ခွန်အားတွေနဲ့ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။မင်းတပ်မြို့ကပြည်သူတွေရဲ့ ရဲစွမ်းသတ္တိကတော့ အရမ်းလေးစားဖို့ကောင်းပြီး ဘယ်သူ့ကိုမှအကူအညီမတောင်းဘဲ ကိုယ့်အားကိုယ်ကိုးနေကြတာဖြစ်ပါတယ်။ကရင်ပြည်နယ်၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့က တချို့ပြည်သူတွေလည်းအခုအချိန်အထိ စစ်ဘေးဒုက္ခကိုခံစားနေရပြီး မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း တလုတ်မြို့မှဒေသခံတချို့က သယ်နိုင်သလောက် ပစ္စည်းတချို့ကိုသာယူဆောင်ပြီး စစ်ရှောင်နေရတာဖြစ်ပါတယ်။

ပြည်သူလူထုကတော့ ဒုက္ခတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်တွေကို လိုအပ်တဲ့ပစ္စည်းတွေနဲ့အစားအသောက်တွေ လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာ ပြည်သူအချင်းချင်းကလည်း ကာကွယ်စောင့်ရှောက်ပေးနေကြလို့ အားတင်းပြီးနေထိုင်နေရတာပဲဖြစ်ပါတယ်။စစ်ဘေးရှောင်တွေထဲမှာဆိုရင် အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေကအစ မိဘတွေရဲ့လက်ကိုဆွဲပြီး တောထဲပြေးနေရတဲ့ စိတ်မကောင်းစရာပုံရိပ်တွေကို တွေ့မြင်နေရတာဖြစ်ပါတယ်။

စစ်ရှောင်နေရတဲ့မိခင်တစ်ဦးဆိုရင်”ခုချိန် မူကြိုတက်ပြီး ကျောင်းမှာစာသင်နေရမယ့် ငါ့သမီးလေးက စစ်ဘေးရှောင်အဖြစ်နဲ့ တောထဲပြေးနေရတယ်”ဆိုပြီး စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ကလေးငယ်လေးကတော့ခက်ခဲကြမ်းတမ်းတဲ့ တောလမ်းခရီးကို ကြိုးကြိုးစားစားနဲ့လျှောက်လှမ်းနေတာပဲဖြစ်ပါတယ်။နုနယ်သေးတဲ့ကလေးလေးတွေကအစ လောကဓံတရားရဲ့ရိုက်ခတ်မှုတွေကို အရွယ်နဲ့မမျှအောင်ခံစားနေရတဲ့အကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။


Credit
Zawgyi

အခုခ်ိန္မွာ မူႀကိဳတက္ၿပီးစာသင္ေနရမယ့္ သမီးေလးက စစ္ေဘးေရွာင္အျဖစ္နဲ႕ ေတာထဲေျပးေနရလို႔ ရင္နာေနရတဲ့မိခင္တစ္ဦး

လက္ရွိအေျခအေနမွာဆိုရင္မင္းတပ္ၿမိဳ႕ေနျပည္သူေတြလည္းမိမိတို႔မွာရွိသေလာက္ခြန္အားေတြနဲ႕ရင္ဆိုင္ေနၾကတာျဖစ္ပါတယ္။မင္းတပ္ၿမိဳ႕ကျပည္သူေတြရဲ႕ရဲစြမ္းသတၱိကေတာ့အရမ္းေလးစားဖို႔ေကာင္းၿပီးဘယ္သူ႕ကိုမွအကူအညီမေတာင္းဘဲကိုယ့္အားကိုယ္ကိုးေနၾကတာျဖစ္ပါတယ္။ကရင္ျပည္နယ္၊ကခ်င္ျပည္နယ္၊ရွမ္းျပည္နယ္နဲ႕ရခိုင္ျပည္နယ္တို႔ကတခ်ိဳ႕ျပည္သူေတြလည္းအခုအခ်ိန္အထိစစ္ေဘးဒုကၡကိုခံစားေနရၿပီးမၾကာေသးခင္ရက္ပိုင္းအတြင္းကလည္းတလုတ္ၿမိဳ႕မွေဒသခံတခ်ိဳ႕ကသယ္နိုင္သေလာက္ပစၥည္းတခ်ိဳ႕ကိုသာယူေဆာင္ၿပီးစစ္ေရွာင္ေနရတာျဖစ္ပါတယ္။

ျပည္သူလူထုကေတာ့ဒုကၡေတြနဲ႕ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့စစ္ေဘးေရွာင္ေတြကိုလိုအပ္တဲ့ပစၥည္းေတြနဲ႕အစားအေသာက္ေတြလႉဒါန္းေပးေနၾကတာျဖစ္ပါတယ္။ဒီလိုအေျခအေနမ်ိဳးမွာျပည္သူအခ်င္းခ်င္းကလည္းကာကြယ္ေစာင့္ေရွာက္ေပးေနၾကလို႔အားတင္းၿပီးေနထိုင္ေနရတာပဲျဖစ္ပါတယ္။စစ္ေဘးေရွာင္ေတြထဲမွာဆိုရင္အ႐ြယ္မေရာက္ေသးတဲ့ကေလးငယ္ေလးေတြကအစမိဘေတြရဲ႕လက္ကိုဆြဲၿပီးေတာထဲေျပးေနရတဲ့စိတ္မေကာင္းစရာပုံရိပ္ေတြကိုေတြ႕ျမင္ေနရတာျဖစ္ပါတယ္။

စစ္ေရွာင္ေနရတဲ့မိခင္တစ္ဦးဆိုရင္ခုခ်ိန္မူႀကိဳတက္ၿပီး ေက်ာင္းမွာစာသင္ေနရမယ့္ငါ့သမီးေလးကစစ္ေဘးေရွာင္အျဖစ္နဲ႕ေတာထဲေျပးေနရတယ္ဆိုၿပီးစိတ္မေကာင္းျဖစ္ေနရတာျဖစ္ပါတယ္။ကေလးငယ္ေလးကေတာ့ခက္ခဲၾကမ္းတမ္းတဲ့ေတာလမ္းခရီးကိုႀကိဳးႀကိဳးစားစားနဲ႕ေလွ်ာက္လွမ္းေနတာပဲျဖစ္ပါတယ္။ႏုနယ္ေသးတဲ့ကေလးေလးေတြကအစေလာကဓံတရားရဲ႕ရိုက္ခတ္မႈေတြကိုအ႐ြယ္နဲ႕မမွ်ေအာင္ခံစားေနရတဲ့အေၾကာင္းကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Credit