Sports

နော်တင်ဟမ်ဖောရက် အသင်းမှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းပြကာ ဆိုးရှားကို အချက်ပေး ခေါင်းလောင်း တီးလိုက်တဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဂါနာ “







Unicode

နော်တင်ဟမ်ဖောရက် အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဂါနာ သည် ဂိုးတွေ တဒိုင်းဒိုင်း ကာ ဆိုးရှားကို အချက်ပေး ခေါင်းလောင်း တီးလိုက်တာ တွေ့ရဘာတယ် ။ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဂါနာ သည် ရာသီကုန်မှာ ယူနိုက်တက် အသင်းထံ ပြန်လည်ရောက်ရှိလာတော့မှာပါ။

သူ့အနေနဲ့ ယူနိုက်တက် အသင်း ရဲ့ လူစာရင်းမှာ အမြန်ဆုံးပါဝင်ရဖို့က အကြီးမားဆုံးအိပ်မက်ဖြစ်တယ်လို့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဂါနာ ကဆိုပါတယ်။

အသက် 20 အရွယ် သာ ရှိသေးတဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဂါနာ သည် ဝက်ဒ်ဖို့ အသင်းမှာ ပထမဆုံး အငှားသွားရောက်ကစားခဲ့ပြီး နောက်မှာတော့ နော်တင်ဟမ်ဖောရက် အသင်းကို ထပ်မံရောက်ရှိကာ ခြေစွမ်းကောင်းတွေပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။

မကြာခင်မှာ ယူနိုက်တက်အသင်းထံ ပြန်လည်ရောက်ရှိလာတော့မယ့် အင်္ဂလန်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဂါနာ က အခုလိုမျိုးပြောပါတယ်။ ကျွန်တော် အများကြီး ကြိုးစားနေပါတယ်။ အရင်ကထက် စိတ်ပိုင်းဆိုင်ရာမှာရော ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ပြောင်းလဲလာတာတွေရှိပါတယ်။ မိခင်ကလပ်အသင်းကိုပြန်ရောက်တဲ့အခါ နည်းပြ ဆိုးလ်ရှားရဲ့ အနာဂါတ်အစီအစဉ်တွေမှာ ပါဝင်ခွင့်ရပြီး အခုထက်ပိုပြီး တိုးတက်လာအောင် လုပ်ဆောင်ချင်ပါတယ်။

ကျွန်တော် အသက် 7 နှစ် အရွယ်လောက်ကတည်းက ဒီအသင်းမှာရှိနေခဲ့တာပါ။ ကျွန်တော့်ရဲ့ အဓိက အိပ်မက်ကတော့ ယူနိုက်တက် အသင်း မှာ ပါဝင်ကစားခွင့်ရချင်တာပါ” လို့ဆိုပါတယ်။ ယူနိုက်တက်အကယ်ဒမီထွက် အင်္ဂလန်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဂါနာ သည် 2019 ခုနှစ်တုန်းက ခရစ္စတယ်ပဲလေ့ အသင်းကို ယူနိုက်တက်က အနိုင်ရတဲ့ ပွဲစဉ်မှာ ယူနိုက်တက် အသင်း နဲ့အတူ ပထမဆုံး ပွဲထွက်ကစားခွင့်ရခဲ့ဖူးပါတယ်။

နည်းပြဆိုးလ်ရှားလက်ထက် 7 ပွဲအထိ ယူနိုက်တက် အသင်း အတွက် ပါဝင်ကစားပေးဖူးပြီး လက်ရှိ နော်တင်ဟမ်ဖောရက် မှာခြေစွမ်းပြသနေတဲ့ အင်္ဂလန်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဂါနာ က အနာဂါတ်မှာ ယူနိုက်တက်အသင်းရဲ့ အားထားရတဲ့ ကစားသမားဖြစ်လာမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ခ ရက် ဒစ် M Diary