Sports

” လာမယ့်ရာသီမှာ ယူနိုက်တက် အသင်းအတွက် ဂိုးအများဆုံး ကစားသမား ဖြစ်ခဲ့ရင် မြင့်မားတဲ့ဆုကြေးငွေရရှိမယ့် ဥရုဂွေး ဂိုးသွင်ဘုရင် တိုက်စစ် ကစားသမား ကာဗာနီ “











တကယ်လို့ ယူနိုက်တက်အသင်းဟာ ကစားသမားသစ်ခေါ်ဖို့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးအသုံးပြုမယ်ဆိုရင် ဒေါ့မွန်အသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ဆန်ချိုကိုသာ အဓိကကြိုးပမ်းသွားဖို့ရှိနေတာ တွေ့ရဘာတယ် ။


Unicode

ယူနိုက်တက်အသင်းမှ ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီ သည် လာမယ့်ရာသီမှာ ယူနိုက်တက် အသင်းအတွက် ဂိုးအများဆုံး ကစားသမား ဖြစ်ခဲ့ရင် မြင့်မားတဲ့ဆုကြေးငွေ ရရှိမှာ ဖြစ်တယ်လို့ သိရဘာတယ် ။

ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီ သည် ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းနေတာကြောင့် မကြာသေးခင်က ယူနိုက်တက်အသင်း သည် ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီ ကို 250000 အထိ တိုးမြှင့်ပေးပြီး နောက်ထပ် ( 1 ) နှစ်စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

တကယ်လို့ ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီ သာ သူ့ရဲ့လက်ရှိခြေစွမ်းကို လာမယ့်ရာသီမှာလည်း ဆက်လက်ပြသနိုင်ခဲ့ရင် မြင့်မားတဲ့ဆုကြေးငွေပမာဏရရှိမှာပါ။

ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီ အနေနဲ့ လာမယ့်ရာသီမှာ ယူနိုက်တက်အသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ရင် ဆုကြေးငွေ 100000 အထိရရှိမှာဖြစ်ပြီး ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုဆွတ်ခူးခဲ့ရင် နောက်ထပ် 100000 ထပ်ပြီးရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်း သည် ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီ ရဲ့ခြေစွမ်းအပေါ်မူတည်ပြီး လာမယ့်ရာသီကုန်ရင် သူ့ကို နောက်ထပ် ( 1 ) နှစ်ဆက်လက်စာချုပ်သက်တမ်းတိုးဖို့ ကတိပေးထားတာလည်းဖြစ်ပါတယ်။

အခုနောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်အသင်းအတွက် ဂိုးတွေဆက်တိုက်သွင်းနေတဲ့ ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီ သည် အသင်းဖော်တွေနဲ့ ဆက်ဆံရေးကောင်းတွေရှိနေတဲ့အပြင် ပရိသတ်အချစ်တော်ကစားသမား ( 1 ) ယောက် လည်းဖြစ်နေပါပြီ။

ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ( 15 ) ဂိုးအထိသွင်းယူထားပြီး အဲဒီဂိုးတွေထဲက ( 8 ) ဂိုး ကတော့ နောက်ဆုံးပွဲစဉ် ( 9 )ပွဲမှာသွင်းယူခဲ့တာပါ။

ဒီရာသီ ယူနိုက်တက်အသင်းအတွက်ပြိုင်ပွဲစုံ သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာ ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီ က တတိယအများဆုံးဖြစ်နေတာ တွေ့ရဘာတယ် ။

ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီ ထက်ပိုများတာဆိုလို့ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ရက်ဖို့ ( 21 ) ဂိုး ၊ ပေါ်တူဂီ ကြယ်ပွင့် ကွင်းလယ် ကစားသမား ဖာနန်ဒက် ( 28 ) ဂိုး တို့သာရှိသလို ဒီကစားသမား ( 2 ) ယောက် က ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီ ထက် ပွဲထွက်ခွင့်ပိုများနေတာဖြစ်ပါတယ်။

လာမယ့်နှစ်၊ ဖေဖော်ဝါရီလမှာ အသက် ( 35 ) နှစ် ရှိပြီ ဖြစ်တဲ့ ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီ ယူနိုက်တက်အသင်းတိုက်စစ်မှာ ခြေစွမ်းပြနေတာကြောင့် နည်းပြဆိုးလ်ရှားအနေနဲ့ အခုနွေရာသီအပြောင်းအရွှေ့မှာ စပါးအသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ကိန်းကို ကြိုးပမ်းမယ့်အပေါ် သိပ်အားစိုက်ထုတ်ဖို့မရှိတော့ပါဘူး။

တကယ်လို့ ယူနိုက်တက်အသင်းဟာ ကစားသမားသစ်ခေါ်ဖို့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးအသုံးပြုမယ်ဆိုရင် ဒေ့ါမွန်အသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ဆန်ချိုကိုသာ အဓိကကြိုးပမ်းသွားဖို့ရှိနေတာ တွေ့ရဘာတယ် ။

ယူနိုက်တက်အသင်း သည် အခုအင်္ဂါနေ့မှာ ဖူလ်ဟမ်၊ လာမယ့်တစ်ပတ်မှာ ဝုဒ် နဲ့ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲတွေအပြီးမှာ မေလ ( 26 ) ရက်ကျရင် ဗီလာရီးရဲ အသင်း နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ခ ရက် ဒစ် M Diary