Sports

ဆုဖလားသိမ်းပိုက်ဖို့ အဆင်သင့်ဖြစ်နေပြီဟု ပြောလာတဲ့ ဆိုးလ်ရှား

အိုလီဂန်းဆိုးလ်ရှားက “ယူရိုပါလိဂ် ငွေဖလားကိုရယူပြီးတော့ မန်ချက်စတာယူနိုက်တက်အတွက် ကောင်းမွန်တဲ့ရာသီတစ်ခုအဖြစ် အဆုံးသတ်နိုင်တယ်လို့ ခံစားမိပါတယ်။”

မေလ ၂၆ရက်နေ့ ဗီလာရီးရဲနဲ့ ယူရိုပါလိဂ်ဖိုင်နယ် သတင်းစာအကြိုရှင်းလင်းပွဲတွင်
ဆိုးလ်ရှားကစားခဲ့တုန်းကရခဲ့တဲ့ ဥရောပဖလားအကြောင်းကိုပြောပြခဲ့့ပါတယ်။

“၁၉၉၉ခု နှစ်မှာ ကျွန်တော်တို့ရခဲ့တာဖြစ်ပြီး ကောင်းမွန်တဲ့သမိုင်းတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒါက ကျွန်တော့်ကို ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်မလာစေပါဘူး။ ”
ဆိုးလ်ရှားက ချန်ပီယံလိဂ်ဖိုင်နယ်မှာ အနိုင်ဂိုးကိုသွင်းယူခဲ့သူဖြစ်ပါတယ်။

“ဒါဟာကျွန်တော်တို့တစ်ယောက်ချင်းစီတိုင်းကို ပိုမိုကောင်းမွန်တဲ့ကစားသမားတွေဖြစ်မလာစေပေမယ့် အသင်းတစ်သင်းအနေနဲ့တော့ ဖလားတွေထပ်မံဆွတ်ခူးနိုင်မယ်လို့ ယုံကြည်မှုတွေရှိလာ​ေစပါတယ်။
နောက်နှစ်မှာတော့ ပရီးမီးယားလိဂ်ဖလားကိုရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာတော့ အောင်မြင်မှုတွေထပ်မရခဲ့ပါဘူး။

ယူရိုပါလိဂ်မှာ အနိုင်ရခဲ့မယ်ဆိုရင် အသင်းအနေနဲ့ဘာတွေဆက်လုပ်ရမလဲဆိုတာ အချိန်ကစကားပြောသွားမှာပါ။ဆုဖလားတွေဟာ ကျန်တဲ့အချက်အလက်တွေကို ဖုံးကွယ်နိုင်ပါတယ်။ ”

ယူရိုပါလိဂ်ဖိုင်နယ်ပွဲမှာ မန်ယူအသင်းအနိုင်ရဖို့အခွင့်အရေးများစွာရှိပြီး ဆိုးရှားအနေနဲ့ ၂၀၁၈ ဒီဇင်ဘာလမှာ ယာယီနည်းပြအဖြစ်၊ ၂၀၁၉ မတ်လမှာအမြဲတမ်းနည်းပြအဖြစ် ဆုဖလားရရှိဖို့ အကြိမ်ကြိမ်နီးစပ်ခဲ့ပါတယ်။

ဆီးမီးဖိုင်နယ်တွင် ရိုးမားအသင်းအား နှစ်ကြိမ်ပေါင်း ၂ဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး မန်ယူအသင်းကို အကောင်းဆုံး စီမံခန့်ခွဲကာ ဖိုင်နယ်ပွဲကို ကစားဖို့မျှော်လင့်နေပါတယ်။

“ကျွန်တော်တို့ဟာ ဆီးမီးဖိုင်နယ် လေးခုကိုရှုံးနိမ့်ပြီးမှ ဒီဗိုလ်လုပွဲကို ခက်ခက်ခဲခဲတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။” ကာရာဘောင် ဖလားမှာ နှစ်ခါ ၊ FA Cupမှာတစ်ခါနဲ့ မနှစ်က ဆီဗီးလားကို ယူရိုပါလိဂ်မှာတစ်ခါဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အကြာရီးကစားပြီး ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဖိုင်နယ်အတွက်လည်း အဆင့်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကျွန်တော့်ဘဝအတွက် အလွန်အရေးပါပါတယ်။ဒီလို အသင်းမျိုးကို ဦးဆောင်ပြီး ဗိုလ်လုပွဲကို ကစားရတာ ကျွန်တော့်ဘဝအတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။အကောင်းမွန်ဆုံး ကစားသမားတွေနဲ့ နှစ်နှစ်ခွဲလောက် လက်တွဲအလုပ်လုပ်ခဲ့ပြီး အခု ကျွန်တော်တို့ဟာ ဗိုလ်လုပွဲကိုရောက်ရှိနေပါပြီ။

ဗိုလ်လုပွဲကိုရောက်လာတဲ့အခါမှာ ကျွန်တော်တို့လိုချင်တာတစ်ခုတည်းပါ။ဆုဖလားကို သိမ်းပိုက်ဖို့ပါ့ပဲ။ ဗိုလ်လုပွဲပိုတက်ရောက်ရုံနဲ့ ဆုဖလားမရပါဘူး။ ကျွန်တော်တို့အားလုံးဟာ ဆုဖလားရရှိဖို့ကိုပဲအာရုံစိုက်ထားကြပြီး ကစားသမားတွေ ဗိုလ်လုပွဲမှာ ကစားတာကို မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး။”

ကရက်ဒစ်