မန်ချက်စတာ ယူနိုက်တက် စီနီယာအသင်းကြီးအတွက် ပါဝင်ကစားဖို့ ခြေစွမ်းတိုးတက်ကောင်းမွန်နေသူ ဟူဂေးလ်

မန်ချက်စတာ ယူနိုက်တက် စီနီယာအသင်းကြီးအတွက် ပါဝင်ကစားဖို့ ခြေစွမ်းတိုးတက်ကောင်းမွန်နေသူ ဟူဂေးလ်

ဟူဂေးလ်က ယူနိုက်တက်အတွက် wildcard တစ်ခုပါ ။ တစ်ကယ်လို့ အသင်းက နောက်ထပ်တစ်ရာသီ အထောင်တိုက်စစ်မှူးတစ်ဦးကို ခေါ်နိုင်ခြင်းမရှိပါက ဟူဂေးအနေနဲ့ အဆိုပါ ဆုံးဖြတ်ချက်ကနေ အကျိုး အမြတ်ရလာနိုင်ပါတယ်။

အသက် ( ၁၇ ) နှစ်အရွယ် ဟူဂေးလ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဆန်းဒါးလန်းကနေပြောင်းရေွ့လာပြီး ယူနိုက်တက် လူငယ်အသင်းရဲ့ အဓိကတိုက်စစ်မှူးအနေနဲ့ စွမ်းဆောင်ထားပါတယ်။ ဒီရာသီမှာ ယူ – ၂၃ အသင်းအတွက် ( ၁၀) ဂိုးအပါအဝင် စုစုပေါင်း ( ၂၇ ) ပွဲကစားပြီး ( ၁၆ ) ဂိုး သွင်းယူထားပါတယ်။

အသက်၁၇နှစ်အရွယ်ရှိဟူဂေးလ်ဟာလီဗာပူးယူ၂၃အသင်းကိုအနိုင်ရတဲ့ပွဲမှာခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်အားလုံးရဲ့အာရုံစိုက်ခံနေရသူဖြစ်ပါတယ်။လီဗာပူးယူ၂၃အသင်းကို၆ဂိုး၃ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာဟူဂေးလ်ဟာခြေစွမ်းပြကစားနိုင်ခဲ့ပြီး တစ်ဦးတည်းလေးဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်စီနီယာအသင်းကြီးအတွက်ပါဝင်ကစားကစားဖို့ခြေစွမ်းတိုးတက်ကောင်းမွန်နေသူ ဖြစ်တယ်လို့ချီးကျူးခံနေရပါတယ်။ကရက်ဒစ်