Sports

ဖာနန်ဒက်စ်လို အသင်းကိုအကျိုးပြုလာမယ့် ပေါ်တူဂီမျိုးဆက်တွေကို လိုက်ရှာနေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်ဖို့ ရည်ရွယ်ထားပါတယ်။ ယင်းကဲ့သို့ စိန်ခေါ်နိုင်ဖို့အတွက်ဆိုရင်တော့ လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နွေဈေးကွက်က ယူနိုက်တက်အတွက် အလုပ်ရှုပ်မယ့်ဈေးကွက်တစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။

နော်ဝေးသားနည်းပြကြီး အိုလီဂန်းနားဆိုးလ်ရှားကတော့ အသင်းရဲ့ နေရာစုံအတွက် အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လိုနေတာ ဖြစ်ပြီး ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားများစွာ ရှိနေပါတယ်။

ယူနိုက်တက်တို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ ဟယ်ရီကိန်း၊ အားလင်းဟာလန်း၊ ဂျာဒန်ဆန်ချို၊ ဒီကလန်ရိုက်စ်၊ ပေါတောရက်စ်တို့အပြင် အခြားကစားသမားတွေလည်း ပါ၀င်နေပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ နူနိုမန်ဒက်စ်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ခေါ်ယူဖို့ စိတ်၀င်စားနေတယ်လို့ သိရပါတယ်။

မန်ဒက်စ်ရဲ့ ခြေစွမ်းတွေကြောင့် တစ်ကမ္ဘာလုံးက ထိပ်သီးအသင်းတွေကို သူ့ကို ခေါ်ယူဖို့ ပစ်မှတ်ထား စောင့်ကြည့်နေကြပါတယ်။ အဲ့ဒီထဲမှာ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းလည်း ပါ၀င်နေတယ်လို့ သိရပါတယ်။

မန်ဒက်စ်ကို ခေါ်ယူနိုက်ဖို့အတွက် ယူနိုက်တက်ရဲ့အားသားချက်ကတော့ မန်ဒက်စ်နဲ့ ဖာနန်ဒက်စ်တို့ရဲ့ အေးဂျင့်ဟာ တစ်ဦးတည်းဖြစ်ပါတယ်။ အေးဂျင့်မီဂေးလ်ပင်ဟိုနဲ့ ယူနိုက်တက်တို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာကြောင့် ယူနိုက်တက်အနေနဲ့ မန်ဒက်စ်ကို အရခေါ်ယူသွားနိုင်ဖွယ်ရှိနေပါတယ်။

အသက်၁၈နှစ်အရွယ် လူငယ်ကြယ်ပွင့် ဘယ်နောက်ခံကစားသမား မန်ဒက်စ်အတွက် ယူနိူက်တက်အနေနဲ့ ပေါင်သန်း၅၂သန်းအထိ ပေးချေသွားရဖွယ် ရှိနေပြီး ယူနိုက်တက်ဘက်က စတင်ဆွေးနွေးဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ မန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ လာမယ့် ၂၀၂၅ခုနစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူတစ်ဦးဖြစ်တဲ့ လုခ်ရှောဟာဆိုရင်လည်း ယခုနှစ်ရာသီမှာ ပုံစံကောင်းတွေ ပြသထားနိုင်ပါတယ်။ သူဟာဆိုရင် လာမယ့် ယူရိုပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖွယ် ရှိနေပါတယ်။ ကရက်ဒစ်