International News

အိန္ဒိယနိုင်ငံတွင် အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း တစ်သိန်းခွဲနီးပါး အိုးအိမ်များကိုစွန့်ခွာကြရ

ဆယ်စုနှစ် ၂ခုကျော်ကာလအတွင်း ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းတစ်ခုသည် အိန္ဒိယအနောက်ဖက်ကမ်းခြေသို့ ဝင်ရောက်လာခြင်းကြောင့် ဂူဂျာရတ်ပြည်နယ်ရှိ ဆိပ်ကမ်းများနှင့် အဓိကကျသော လေဆိပ်တစ်ခုကို ပိတ်လိုက်ရပြီး ယင်းပြည်နယ်ရှိ လူပေါင်း တစ်သိန်းခွဲနီးပါးခန့်တို့သည်လည်း အိုးအိမ်များကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်နေကြရသည်။

အဆိုပါမုန်တိုင်းကို တောက်တဲ့(Tauktae)ဟုအမည်ပေးထားပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် လက်ရှိအချိန်အထိ အနည်းဆုံး လူ ၁၂ ဦးသေဆုံးကြောင်း စာရင်းသိရှိရပြီး အိန္ဒိယအနောက်ဖက်ကမ်းခြေတလျောက်ရှိ ကေရာလာပြည်နယ်၊ ကာနတကပြည်နယ်၊ ဂိုအာပြည်နယ်နှင့် မဟာရတ်ရှ်ထရပြည်နယ်တို့တွင် ပျက်စီးမှုများရှိကြောင်း ယင်းပြည်နယ်တာဝန်ရှိသူတို့ကဆိုကြသည်။

ဂူဂျာရတ်ပြည်နယ်တွင်မူ မြေပြိုမှုများလည်းဖြစ်ပွားခဲ့သည်။

လက်ရှိတွင် COVID-19 ကူးစက်ပြန့်ပွားမှုကို ရင်ဆိုင်နေရသည့်ကြားတွင် ယခုကဲ့သို့ ပြင်းထန်သောမုန်တိုင်းဝင်ရောက်မှုက ဒေသခံတာဝန်ရှိသူတို့ကို တာဝန်များပိုမိုဖိစီးစေလျှက်ရှိကြောင်းသိရသည်။

Credit – tartay

Ref: India’s Gujarat state braces for most severe cyclone in over two decades

Photo: AFP, EPA-EFE/NDRF

Unicode





Credit – tartay

Ref: India’s Gujarat state braces for most severe cyclone in over two decades

Photo: AFP, EPA-EFE/NDRF