Sports

လေဗာကူဆင်လူငယ်တောင်ပံကြယ်ပွင့်ကို ယူနိက်တက်နဲ့ အာဆင်နယ် အပြိုင်ကမ်းလှမ်း

မန်ချက်စတာယူနိုက်တက်ဟာ အပြောင်းအရွေ့ဈေးကွက်ထဲမှာ လူငယ်ကစားသမားကြယ်ပွင့်တွေကို လိုက်ရှာနေပါတယ် ဖာဂူဆန်ပြောသလိုဘဲ လူငယ်ကစားသမားတွေနဲ့ မျိုးဆက်သစ် တခုတည်ဆောက်ဖို့ လှမ်းနေတာလို့ပြောရမလိုဖြစ်နေပါပြီ မန်ချက်စတာယူနိုက်တက် ကမ်းလှမ်းနေတဲ့ လူငယ်ကစားသမားတွေအားလုံးဟာ အသက် ၂၁ ဝန်းကျင်တွေကိုဘဲ ကင်းထောက်တွေနဲ့လိုက်လှံကမ်းလှမ်းနေတာဘဲဖြစ်ပါတယ်။

ယခုအခါမှာ မန်ချက်စတာယူနိက်တက်ဟာ လေဗာကူဆင် လူငယ်တောင်ပံကြယ်ပွင့်ကို အာဆင်နယ်ကင်းထောက်တွေနဲ့ အပြိုင်လိုက်စောင့်ကြည့်နေတယ်ဆိုပြီး သတင်းတွေထွက်လာပါပြီ မန်ချက်စတာယူနိက်တက်ဟာ ယင်းကစားသမားအတွက် ယူရို ၃၈ သန်း အသုံးပြုသွားမယ်လို့ အသင်းတာဝန်ရှိသူတွေက အရိပ်အမြွက်ပြောခဲ့ပါတယ် အဲ့ဒီကစားသမားကတော့ လေဗာကူဆင် ဘယ်တောင်ပံကစားသမား မော့ဆက်ဒီယာဘီ ဘဲဖြစ်ပါတယ်။

ယင်းကစားသမားဟာ အသက် ၂၁ အရွယ်သာရှိသေးပြီး ဘယ်တောင်ပံမှာ အဓိကကစားပြီး လိုအပ်ပါက ညာတောင်ပံသို့ထွက်ခါ ကစားနိုင်တဲ့ကစားသမားတဦးဖြစ်ပါတယ်…ပြိုင်ပွဲစုံ ၃ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၂ကြိမ်ပြုလုပ်ထားပါတယ် မန်ချက်စတာယူနိက်တက် အနေဖြင့် ယင်းကစားသမားကို တိတ်တဆိတ်ကမ်းလှမ်းထားတာကို အာဆင်နယ်အသင်းကကမ်းလှမ်းထားတယ်လို့ သတင်းတွေကထွက်လာနေပါတယ်ဒါကြောင့် လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းချင်နေတဲ့ ယူနိက်တက် အကြံစည်အတွက် ယခုကစားသမားက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

MUPS