Sports

ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်တယ်လို့ ဂရင်းဝုဒ်ကို ချီးကျူးလိုက်တဲ့ ပေါ့ဘာနဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက် မှာဆက်လက်တောက်ပမဲ့ မေဆင်ဂရင်းဝုဒ်အပေါ်မှာ သုံးသပ်ချက်များ

မေဆင်ဂရင်းဝုဒ်အနေနဲ့ နောက်ဆုံး ၆ပတ်အတွင်း ၁၂ပွဲမှာ ၈ဂိုးသွင်းယူကာ သူရဲ့အနာဂတ်အပေါ်ဝေဖန်သံတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။

၁၉နှစ်သားလေးအနေနဲ့ ဒီရာသီမှာ ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားထားရကာ အရင်နှစ်ကသူရဲ့ခြေစွမ်းကလည်း ကောင်းမွန်ခဲ့ပြီး ၅ဂိုးနဲ့ အထက်ကိုတော့အမြဲသွင်းယူနိုင်ခဲ့ပါတယ်။

ဂရင်းဝုဒ်အနေနဲ့ ဒီနှစ်မှာ ခြေစွမ်းပြသဖို့အသည်းအသန်ရုန်းကန်နေရပြီး အရင်လကမှ သူရဲ့ကောင်းမွန်တဲ့ခြေစွမ်းကို စတင်ပြသနိုင်ခဲ့ပါတယ်။ ၁၂ပွဲမှာ ၈ဂိုးသွင်းယူခဲ့တာပါ။

သူရဲ့အရင်နှစ်ကခြေစွမ်းကို ပြန်လည်မရရှိသေးပေမယ့် ကစားပွဲတိုင်းမှာတိုးတက်လာပါတယ်။ ပေါ့ဘာ နဲ့ ဖာဒီနန်တို့က သူအနေနဲ့ မန်ယူစီနီယာအသင်းမှာ ကစားရဖို့ နှစ်ပေါင်းများစွာပေးဆပ်ခဲ့ရပြီး သူရဲ့မျှော်လင့်ချက်အတိုင်းဖြစ်လာပြီလို့ ပြောခဲ့ပါတယ်။

မေဆင်ဂရင်းဝုဒ်ဟာ အန်စတွန်ဗီလာအသင်းဘက်ကို တတိယမြောက်ဂိုးသွင်းယူခဲ့ပါတယ်။မန်ယူစီနီယာအသင်းအတွက် သူဟာငယ်ငယ်ရွယ်ရွယ်နဲ့ ကစားပေးနိုင်တာဟာ အလွန်ကောင်းပါတယ်။

“ကျွန်တော့်အနေနဲ့ အကောင်းမွန်ဆုံးပုံစံရအောင် နှစ်ပေါင်းအနည်းငယ်လောက် ကြိုးစားရဦးမှာပါ။ ကျွန်တော်ဟာ တိုးတက်နေတုန်း ၊ လိုအပ်ချက်တွေရှိနေတုန်းပါ။ အသက်ကလည်း ၁၉ပဲဲရှိသေးတယ်လေ။

ကျွန်တော်ဟာ နေရာစုံကစားပါတယ်။ ခံစစ်လည်းကစားပါတယ်။ ဘောလုံးကို ကိုင်ကစားတဲ့နေရာမှာလည်းတိုးတက်လာပါတယ်။ ကျွန်တော့်အနေနဲ့ ဖြစ်နိုင်သမျှတော့ ဘောလုံးကိုအဝေး ကန်ပစ်ဖို့ မတွေးချင်ပါဘူး။ အသင်းထံကို ပဲပေးပို့ချင်ပါတယ်။”

ဂရင်းဝုဒ်က မန်ချက်စတာယူနိုက်တက်အသင်းကို ယူရိုပါလိဂ် ဖိုင်နယ်ရောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ယူရိုပါလိဂ်ဟာ အရေးကြီးတဲ့ ပြိုင်ပွဲတစ်ခုပါ။ ပရီးမီးယားလိဂ် ဟာလည်းအတူတူပ့ပဲ။ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်းကစားရတာဟာ ခက်ခဲပါတယ်။

မန်ယူအသင်းဖော် ပေါလ်ပေါ့ဘာက ဂရင်းဝုဒ်ဟာ ကမ္ဘာ့အဆင်းကစားသမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့ ပြောလာပါတယ်။

“ကျွန်တော်အမြဲတမ်းပြောခဲ့သလိုပဲ ဂရင်းဝုဒ်ဟာ မန်ယူအကယ်ဒမီက ပါရမီရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူဟာ ကမ္ဘာ ့အကောင်းဆုံးကစားသမားဖြစ်နိုင်ပါတယ်။ သူ့အပေါ်မှာတော့မူတည်တာပေ့။ သူဟာအလုပ်ကြိုးစားဖို့လိုအပ်ပါတယ်။ ဘယ်သူ့ထက်မဆိုပေ့။ သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမယ်လို့လည်း. ယုံကြည်ရပါ့မယ်။

သရဲနီအသင်းရဲ့ ဂန္ဓဝင်ကစားသမားကြီး ရီယိုဖာဒီနန်က ဂရင်းဝုဒ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

“နောက်ဆုံးမှာတော့ သူဟာ ရှေ့တန်းအလယ် တိုက်စစ်မှူး နံပတ် ၉နေရာမှာ ကစားရလိမ့်မယ်။ သူဟာအလွန်ကောင်းမွန်တဲ့ ကစားသမားပါ။ဘယ်နဲ့ရော ညာနဲ့ပါ ကောင်းကောင်းကစားနိုင်ပါတယ်။ လူငယ်အသင်းမှာ ဂိုးသွင်းသလို စီနီယာအသင်းမှာလည်း ဂိုးသွင်းနိုင်ပါတယ်။ သူရဲ့ ကစားနိုင်စွမ်းကလည်း တိုးတက်လာပါတယ်။ဒါပေမယ့် သူအနေနဲ့ ခြေစွမ်းပိုမိုတိုးတက်အောင် နှစ်ပေါင်းများစွာ ကြိုးစားနေဖို့လိုအပ်ပါတယ်။ သူဟာ အလွန်ကောင်းမွန်တဲ့ အလားအလာရှိ ကစားသမားတစ်ယောက်ပါ။ သူအနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမယ်လို့ထင်ပါတယ်။”ကရက်ဒစ်