Sports

” မန်ချက်စတာ ယူနိုက်တက် အသင်း ကို မီးစိမ်းပြလိုက်ပြီဖြစ်တဲ့ စပါး အသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ကိန်း “

ပရီးမီးယားလိဂ် အင်အားကြီး အသင်း ( 1 ) သင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းသည် စပါးအသင်းမှ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ကိန်းကို လာမယ့်နွေရာသီ အပြောင်းအရွေ့ ဈေးကွက် မှာ ခေါ်ယူဘို့ စိတ်ဝင်စားနေတယ်လို့ သိရဘာတယ် ။

တနင်္လါနေ့ညနေပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့တာကြောင့် အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ကိန်း သည် အသင်းကထွက်ခွာဘို့ ပြင်ဆင်နေတာ တွေ့ရဘာတယ် ။ နာမည်ကြီးသတင်းဌာန Sky Sport ကလည်း အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ကိန်း သည် အသင်းကထွက်ခွာဖို့ စပါးကိုတောင်းဆိုထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ကိန်း ရဲ့ စာချုပ်သက်တမ်း သည် လာမယ့် 2024 ခုနှစ်အထိ ကျန်ရှိနေသေးပေမယ့် စပါးကတော့ သူ့ကို အထူးသဖြင့် ပရီးမီးယားလိဂ်ကလပ်တွေသို့ လက်လွှတ်လိုခြင်းမရှိပါဘူး။

ဒါပေမယ့် ယူနိုက်တက်နဲ့ မန်စီးတီးတို့အပြင် ချယ်လ်ဆီးကပါ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ကိန်းကိုခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ကိန်းကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာသာ ဆက်ကစားချင်နေတယ်လို့ သိရဘာတယ် ။

ယူနိုက်တက်ကတော့ ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီကို စာချုပ်သက်တမ်း တိုးထားပေမယ့် ရေရှည်အတွက် အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ကိန်း ကိုခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရဘာတယ် ။

Unicode






ခ ရက် ဒစ်