Sports

စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မာတာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆိုးရှားလ်ပြောဆိုလာ

စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မာတာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆိုးရှားလ်ပြောဆိုလာ

ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဝါရင့်စပိန် ကွင်းလယ်ကစားသမားကြီး ဟွမ်မာတာရဲ့အနာဂတ်အခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးရှားလ်က ရှင်းလင်းပြောဆိုမှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် မာတာနဲ့ ယူနိုက်တက်အသင်းတို့ကြားမှာ တစ်နှစ်ထပ်မံတိုးလို့ရတဲ့ အချက်အလက်တစ်ခု စာချုပ်ထဲမှာ ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။

အသက်(၃၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း ဝါရင့်ကွင်းလယ်ကစားသမား မာတာဟာ ဒီရာသီအကုန်မှာ ယူနိုက်တက်နဲ့ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူပြောင်းရွေ့ကစားလို့တဲ့ အသင်းတစ်သင်းသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားနိုင်သလို စာချုပ်ပါ အချက်အလက်အရလည်း ယူနိုက်တက်မှာ ဆက်နေချင်သေးတယ်ဆိုရင်လည်း နောက်ထပ်တစ်နှစ် ထပ်မံစာချုပ်ချုပ်ဆိုနိုင်တာဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ မာတာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆိုးရှားလ်က “ကျွန်တော် ဟွမ်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေပါတယ်။ သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း မကြာခင်မှာ စကားပြောဆိုသွားမှာပါ”တယ်။


“ဒီရာသီမှာ အသင်းအတွက် သူ ပွဲတွေများများစားစား ပါဝင်ကစားခဲ့ရခြင်းမရှိတာတော့ အမှန်ပါပဲ။ လက်ရှိမှာတော့ သူရဲ့အနာဂတ်အတွက် သူစိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ သူက ဒီအသင်းအတွက်ကိုလည်း အကောင်းဆုံး တာဝန်ထမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးတဲ့ စကားလိုပါပဲ။ ကစားသမားကောင်းတစ်ယောက် လူကောင်းတစ်ယောက်ကို အသင်းကနေ ထွက်ခွာခွင့်ပေးရတာမျိုးက အရမ်းကို ခက်ခဲပါတယ်။ အခုကတော့ သူအနေနဲ့ သူရဲ့ကစားသမားဘဝကို နောက်တစ်ဆင့် တတ်လှမ်းဖို့အတွက် သူဘာလုပ်ချင်လဲဆိုတဲ့ အပေါ်မှာပဲ မူတည်နေပါတော့တယ်။ ဒီနေရာမှာပဲ သူရဲ့ကစားသမားဘဝကို ဆက်သွားဦးမလား။ ဒါမှမဟုတ် တစ်နေရာရာကိုပဲ ပြောင်းရွှေ့သွားမလား။ နောက်ဆုံး အဆုံးအဖြတ်မျိုးကိုတော့ ကျွန်တော်တို့ မချမှတ်ရသေးပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မာတာဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၆)ပွဲသာ ပါဝင်ကစားခဲ့ရပြီး (၂)ဂိုးသွင်းယူထားကာ (၃)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

Credit – SportMyanmar