Sports

ယူနိုက်တက် ပရိသတ်တွေ ဦးစားပေး အဖြစ် လိုချင်နေကြတဲ့ ကစားသမား သုံးဦး

လက်ရှိ 2020 – 21 ဘောလုံး ရာသီဟာ ကုန်ဆုံးတော့မှာ ဖြစ်တဲ့ အတွက် ကမ္ဘာကျော် ဘောလုံး အသင်းတွေဟာ လာမယ့် အပြောင်းအရွှေ့မှာ ဘယ်သူတွေကို ခေါ်ယူပြီး အင်အား ဖြည့်တင်းမလဲ ဆိုတာနဲ့ ပတ်သက်လို့ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ် နေခဲ့ကြပါပြီ ။

ဒီလို အချိန်မှာ ဘယ်အသင်းကတော့ ဘယ်သူ့ကို ခေါ်ယူချင်နေတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေလည်း ​နေ့စဥ်ဆိုသလို မရိုးအောင် ထွက်ပေါ် နေခဲ့ရပါတယ် ။ အဲ့ဒီထဲမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း သတင်းစုံ ထွက်နေခဲ့ပါတယ် ။

အခုတော့ မန်ချက်စတာ ညနေခင်းသတင်းက ဘယ်သူတွေကို လာမယ့် အပြောင်းအရွှေ့မှာ ခေါ်ယူသင့်သလဲ ဆိုတာနဲ့ ပတ်သက်လို့ အသင်းရဲ့ ပရိသတ်တွေဆီမှ ဆန္ဒမဲ ​ကောက်ခံခဲ့ရာမှာ ပရိသတ် 8000 ခန့်က ဆန္ဒမဲ ပေးခဲ့ကြပါတယ် ။

လက်တလော အချိန်မှာတော့ ယူနိုက်တက် အသင်းဟာ ခံစစ် အတွက် ရီးယဲ မက်ဒရစ် အသင်းမှ နောက်ခံလူ ရာဖေး ဗာရာနီ နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းမှ ထွက်ခွာဖို့ သတင်းကြီး နေခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း တို့ကို ခေါ်ယူလိုနေတယ်လို့ သတင်းကြီး နေခဲ့ပါတယ် ။

ဒါပေမယ့် ပရိသတ်တွေ မဲပေးရွေးချယ်ခဲ့ရာမှာတော့ သူတို့ နှစ်ဦးလုံးဟာ ဦးစားပေး နံပါတ်တစ် မဖြစ်ခဲ့ကြပါဘူး ။ ယူနိုက်တက် ပရိသတ် တွေဟာ လက်တလော ဒေါ့မွန် အသင်းမှာ အထူးခြေစွမ်းကောင်းတွေကို ဆက်တိုက်ဆိုသလို ပြသလာနိုင်ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂျေဒန်ဆး ဆန်ချိုကို ခေါ်ယူပေးဖို့ တစ်ပေးခဲ့ကြပါတယ် ။

အဲ့ဒီနောက် နံပါတ်နှစ် နေရာအတွက်တော့ ယူနိုက်တက် ပရိသတ်တွေက ရီးယဲ မက်ဒရစ်အသင်းရဲ့ အားထားရတဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်သူ ဗာရာနီကို ရွေးချယ် သွားခဲ့ကြပါတယ် ။ ယူနိုက်တက် ပရိသတ်တွေဟာ အလွတ် တည်ကန်ဘောတွေမှတစ်ဆင့် ဂိုးတွေ ပေးနေခဲ့ရတာကို စိတ်ပျက် နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် တတိယ ဦးစားပေး အဖြစ် ယူနိုက်တက် ပရိသတ်တွေက မာတစ် ဆက်ရှိဖို့ မသေချာတော့တဲ့ ကွင်းလယ် ခံစစ်ပိုင်းကို အင်အား ဖြည့်တင်းစေလိုနေကြပါတယ် ။ ဒီအတွက် သူတို့ဟာ ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ ဒီကလန် ရိုက်စ်ကို ခေါ်ယူ စေလိုခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် ပရိသတ်တွေရဲ့ မဲပေး ရွေးချယ်မှုကို % နဲ့ ဖော်ပြပေးလိုက်ပါတယ် ။

ဂျေဒန် ဆန်ချို – 41.1 %
ရာဖေး ဗာရာနီ – 26.3 %
ဒီကလန် ရိုက်စ် – 26 %
အခြားသူများ – 6.6 %

အခြား ကစားသမား ဆိုတဲ့ စာရင်းထဲမှာတော့ ဟယ်ရီကိန်း ၊ အားလင်း ဟားလန်း ၊ ဂျက် ဂရီလစ်ရှ် နဲ့ ဘစ်ဆူးမား တို့လို ကစားသမားတွေ ပါဝင်ခဲ့ကြပါတယ် ။

#Sports_Myanmar