Sports

” နော့ဂျီလန်း အသင်းမှ ဂါနာ ကြယ်ပွင့် တိုက်စစ် ကစားသမား ဆူလီမာနာ ကို အေဂျက် အသင်း ထက် လက်ဦးမှု ရယူကာ ကို ကြားဖြတ် ခေါ်ယူဘို့. ကြိုးစားနေတဲ့ ယူနိုက်တက် “







Unicode

ယူနိုက်တက်အသင်း သည် အေဂျက် အသင်းက 12 သန်းနဲ့ ကမ်းလှမ်းထားတဲ့ နော့ဂျီလန်းအသင်းမှ ဂါနာကြယ်ပွင့် တိုက်စစ် ကစားသမား ဆူလီမာနာကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားလျက်ရှိနေတာ တွေ့ရဘာတယ် ။

သတင်းတွေအရတော့ ယူနိုက်တက် အသင်းသည် တနင်္လာနေ့ကဘဲ နော့ဂျီလန်းအသင်း နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး 19 နစ် အရွယ် သာ ရှိသေးတဲ့ ဂါနာကြယ်ပွင့် တိုက်စစ် ကစားသမား ဆူလီမာနာ ကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်က အခြေအနေကောင်းနေတာ တွေ့ရဘာတယ် ။

အေဂျက် အသင်းကလည်း ဂါနာကြယ်ပွင့် တိုက်စစ် ကစားသမား ဆူလီမာနာ အတွက် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် လက်ရှိအခြေအနေအရ အပြောင်းအရွှေ့ ပျက်ပြယ်ဖို့များလာပါတယ်။

ဂါနာကြယ်ပွင့် တိုက်စစ် ကစားသမား ဆူလီမာနာ သည် ဒီရာသီမှာ နော့ဂျီလန်းအသင်းအတွက် 10 ဂိုးသွင်းပြီး 3 ဂိုးဖန်တီးထားပါတယ်။ သူ့ရဲ့တစ်မူထူးခြားတဲ့ ခြေစွမ်းတွေကြောင့် အင်အားကြီး အသင်း တွေရဲ့ စိတ်ဝင်စားမှုတွေကိုလည်း ရရှိလာခဲ့ပါတယ်။ ဒါပေမယ့် အမှန်တကယ်ကမ်းလှမ်းမှုတွေကိုတော့ ယူနိုက်တက်နဲ့ အေဂျက် တို့ဆီကနေသာ ရရှိခဲ့ပါတယ်။

အေဂျက် က ဂါနာကြယ်ပွင့် တိုက်စစ် ကစားသမား ဆူလီမာနာ အတွက် နော့ဂျီလန်းအသင်းတောင်းဆိုတဲ့ ကြေးထက် 3 သန်းနည်းတဲ့ ပမာဏနဲ့ ကနဦးကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် နော့ဂျီလန်းအသင်း ကတော့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကိုလည်း နားထောင်လိုနေပါတယ်။

ယူနိုက်တက် အသင်း က တုံ့ပြန်မှုဟာ အေဂျက်စ်ရဲ့ ကမ်းလှမ်းမှုကို ဂရုစိုက်ဖို့မလိုလောက်အောင် ကောင်းနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိပေးပြီး ကမ်းလှမ်းလိုက်လဲဆိုတာတော့ မဖော်ပြကြပါဘူး။

ခ ရက် ဒစ်