Local News

“ခွေးလေးကိုပါမထားခဲ့နိုင်လို့ အတူခေါ်လာရင်းတောထဲမှာစစ်ဘေးရှောင်ကာထွက်ပြေးနေရတဲ့ မင်းတပ်မြို့ရှိပြည်သူတစ်ဦး

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစတင်ကာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေကြောင့် ပြည်သူအများအပြားဆန္ဒထုတ်ဖော်မှုတွေပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်မှုတွေအရှိန်အဟုန်ကောင်းလာတာနဲ့အမျှ တစ်ဖက်မှာလည်း ဖြိုခွင်းဖမ်းဆီးမှုတွေများစွာပြုလုပ်လာတာဖြစ်ပြီး အသက်ဆုံးရှုံးရသူတွေနဲ့ ဖမ်းဆီးခံရသူတွေများစွာရှိလာနေတာဖြစ်ပါတယ်…..။

အခုနောက်ပိုင်းမှာဆိုရင်လည်း ပြည်သူတွေဟာ People Defence Force(PDF) အဖွဲ့တွေကိုမြို့အသီးသီးမှာဖွဲ့စည်းလာကြပြီး ပြန်လည်ခုခံလာကြတာဖြစ်ပါတယ်။ ချင်းပြည်နယ် မင်းတပ်မြို့မှာလည်း Chinland Defence Force (CDF)အဖွဲ့ ဖွဲ့စည်းကာ ခုခံမှုတွေကိုပြုလုပ်နေကြတာဖြစ်ပြီး တစ်ဖက်နဲ့တစ်ဖက်တိုက်ပွဲပြင်းထန်ကာ လက်နက်အင်အားမမျှတာကြောင့် မြို့နေပြည်သူအများအပြား ထွက်ပြေးတိမ်း‌ရှောင်နေကြရတာဖြစ်ပါတယ်။

မင်းတပ်မြို့ကို အင်အားအလုံးအရင်းနဲ့ဖိနှိပ်ဖြိုခွင်းခဲ့တာကြောင့် အသက်ဆုံးရှုံးရတဲ့ပြည်သူတွေလည်းရှိလာနေပြီး မြို့ခံပြည်သူတွေလည်း နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။ တောထဲစစ်ဘေးရှောင်ကာ‌ထွက်ပြေးနေရပေမယ့် အိမ်မွေးခွေးလေးတွေကိုလည်း မထားခဲ့ရက်နိုင်တာကြောင့် ခွေးလေးတွေကိုပါ အတူခေါ်ရင်းထွက်ပြေးနေရတဲ့ ပြည်သူတစ်ဦးရဲ့ပုံတွေဟာဆိုရင်လည်းFacebook စာမျက်နှာမှာ ပျံ့နှံ့လာနေတာကိုတွေ့ရပါတယ်။ ပြည်သူအများအပြားလည်း ဒီအဖြစ်အပျက်‌ကိုကြည့်ကာ စိတ်မကောင်းဖြစ်နေကြရတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်….။

ကရက်ဒစ်