Celebrity

” ဟင်္သာတမြို့ သနွံသနော့ကျေးရွာ မဟာနန္နာရာမကျောင်းက ချစ်စရာဖိုးသူတော်လေးတွေကို နဝကမ္မအလှူငွေတွေ လှူဒါန်းပေးခဲ့တဲ့ ဘေဘီမောင် “

အလှူရေစက်လက်နဲ့မကွာချင်တဲ့ဘေဘီဟာ မိသားစုအတွက်လည်း ကြိုးစားပြီးငွေရှာသလို လှူဖို့တန်းဖို့ အတွက်လည်း အမြဲစိတ်အားထက်သန်နေသူတစ်ယောက်ပါ။ အကျပ်အတည်းကာလတွေမှာတောင် လှူချင်တန်းချင်တဲ့စိတ်ကြောင့် ဈေးရောင်းပြီး ငွေကိုကြိုးစားရှာခဲ့ပါသေးတယ်။ လမ်းပေါ်မှာတွေ့ရတဲ့ အသက်ကြီးအဘိုးအဘွားတွေ ဆင်းရဲနွမ်းပါးသူတွေကိုလည်း မကြာခဏဆိုသလို ကာလဒါန ပြုလုပ်ပေးလေ့ရှိပါတယ်။ ဘုရားတရားလည်းကိုင်းရှိုင်းသလို မိဘကိုလည်းသိတတ်တဲ့ သမီးလိမ္မာလေး ဖြစ်တာကြောင့် သူမကိုချစ်ခင်တဲ့ပရိသတ်တွေများပြားပြီး အလုပ်အကိုင်တွေလည်း အဆင်ပြေနေခဲ့ပါ တယ်။

မိသားစုကိုသိပ်ချစ်ပြီးသိတတ်တာကြောင့် အမျိုးကောင်းသားလေးနဲ့ဆုံတွေ့ခဲ့ပြီး သူမရဲ့နေ့ရက်တိုင်းဟာ ပျော်စရာတွေပြည့်နှက်လာခဲ့ပါတယ်။ ချစ်ရတဲ့ညီမလေးကိုလည်း အကောင်းဆုံးတွေဖန်တီးပေးနိုင်ဖို့ ကြိုးစားနေတဲ့ အမကြီးအမိရာပီသသူပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဧရာဝတီတိုင်း ဟင်္သာတမြို့ သနွံသနော့ကျေးရွာ မဟာနန္နာရာမကျောင်းက ဖိုးသူတော်လေးတွေ ကို နဝကမ္မအလှူငွေ (၅၀၀၀) ကျပ်စီ လှူဒါန်းခဲ့ပါသေးတယ်။ စေတနာကောင်းတဲ့သူလေးမို့ အမြဲတမ်းကံကောင်းပြီး မျက်နှာလေးကလည်း ကြည်လင်နေပါတယ်။

သဒ္ဓါထက်သန်စွာနဲ့လှူတန်းခဲ့တဲ့ မှတ်တမ်းတွေကို ” ဧရာဝတီတိုင်း ဟင်္သာတမြို့ သနွံသနော့ကျေးရွာ မဟာနန္နာရာမကျောင်းမှာ ချစ်စရာကောင်းတဲ့ ဖိုးသူတော်လေးတွေကို နဝကမ္မအလှူငွေလေး တတ်နိုင်သလောက်လှူတန်းခဲ့ပါတယ်ရှင့် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ဘာလုပ်လုပ်အမြဲတမ်း အနားမှာရှိပေးတဲ့ ပါရမီဖြည့်ဖက်ကောင်းအပြင် အမြဲတမ်းသူမကို ချစ်ပြီး လေးစားအားထားတဲ့ မိသားစုကြောင့်လည်း ဘေဘီ့ရဲ့နေ့ရက်တွေဟာ ပိုပြီးအဓိပ္ပါယ်ပြည့်လာခဲ့ပါတယ်။ လှူဒါန်းချင်တဲ့ စေတနာစိတ်လေးကြောင့် အမြဲလိုတိုင်းတ တတိုင်းရနိုင်ပါစေလို့ဆုတောင်းပေးပါတယ် ဘေဘီရေ။

Credit – mmload