Sports

ဆိုးလ်ရှားရဲ့ လက်အောက်မှာ အမှန်အကန် တိုးတက်လာခဲ့တဲ့ ကစားသမား အမည်ကို ပြောပြလိုက်တဲ့ ရာဖေးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ် အချစ် တော် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ရာဖေးလ် ဒါဆေးလ်ဗားက လက်ရှိ နည်းပြ ဆိုးလ်ရှားရဲ့ နောက်ခံလူ လုခ်ရှော အပေါ် ယုံကြည်မှု ပေးခဲ့ခြင်းကို ချီးကျူး သွားခဲ့လိုက်ပါတယ် ။

လုခ်ရှောဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း တိုက်စစ်ရော ခံစစ် စွမ်းဆောင်ရည်ပါ တိုးတက် လာခဲ့သူ ဖြစ်ပြီး အသင်းရဲ့ ဘယ်ခံစစ် နေရာမှာ အဲလက်စ် တဲလက်စ် ၊ ဘရန်ဒန် ဝီလီယံ တို့ကို ကျော်ဖြတ်ပြီး ပုံမှန် ပွဲထွက်ခွင့် တွေကို ပိုင်ဆိုင်ခွင့် ရရှိခဲ့သူပဲ ဖြစ်ပါတယ် ။

အခုတော့ ပုံစံကောင်းတွေ ဆက်တိုက် ပြသနေခဲ့တဲ့ လုခ်ရှောဟာ အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ပြန်လည် ရွေးချယ်ခံနေခဲ့ရပါပြီ ။ ဒါဟာ လုခ်ရှော အတွက် သုံးနှစ် အတွင်း လက်ရွေးစင် အသင်းမှာ ပထမဆုံး အကြိမ် ပြန်လည် ပါဝင်ခွင့် ရရှိခြင်း ဖြစ်ခဲ့ရပါတယ် ။

ယခင်တုန်းကတော့ ခြေထောက်ကျိုးတဲ့ ဒဏ်ရာပြသနာကနေ ပြန်လည် သက်သာ ကောင်းမွန်လာခဲ့တဲ့ လုခ်ရှောဟာ နည်းပြ မော်ရင်ဟို လက်အောက်မှာ ဝေဖန်မှု တွေကို အမြဲမပျက် ခံခဲ့ရပါသေးတယ် ။ ဒါပေမယ့် ဆိုးလ်ရှား ရောက်လာတဲ့ အချိန်မှာတော့ နည်းပြသစ်ရဲ့ ယုံကြည်မှုကို ရရှိခဲ့ပါတယ် ။

ဒါ့ကြောင့် ရာဖေးလ်က အမြဲလို ဝေဖန်မှုတွေခံနေခဲ့ရတဲ့ ကစားသမားတစ်ဦး အဖြစ်မှ လက်ရွေးစင် အသင်းဆီမှာ ပြန်လည် ရွေးချယ်ခံခဲ့ရတဲ့ ကစားသမားတစ်ဦးအဖြစ်သို့ တိုးတက်ပြောင်းလဲလာနိုင်ခဲ့တဲ့ လုခ်ရှောကို ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ် ။

” လုခ်ရှော အခုလို အကောင်းဆုံး ပြန်လာနိုင်ခဲ့တဲ့ ကိစ္စမှာ အိုလီဟာ ကြီးမားတဲ့ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်သူ တစ်ဦးပဲ ဖြစ်ပါတယ် ။ ဘယ်သူမှ ယုံကြည်မှု မပေးချင်ခဲ့တဲ့ အချိန်မှာ အိုလီဟာ ရှောကို ယုံကြည်မှုတွေ ပေးခဲ့တယ်လို့ ကျွန်တော် ပြောချင်ပါတယ် “

” အခုလို ပြန်လာနိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါတယ် လုခ်ရေ ။ လူတွေ အနေနဲ့ အရာရာတိုင်း ၊ လူတိုင်းက ခင်ဗျားနဲ့ ဆန့်ကျင်ဖက် ဖြစ်သွားတဲ့ အချိန်မှာတောင် အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ဖို့ လက်မလျော့ကြပါနဲ့လို့ ကျွန်တော် ပြောလိုပါတယ် ” လို့ ရာဖေးလ် က တိုက်တွန်း သွားခဲ့လိုက်ပါတယ် ။

အသက် 25 နှစ် ရှိနေပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောဟာ လက်ရှိ ဘောလုံးရာသီ အတွင်း အသင်း အတွက် ပြိုင်ပွဲစုံ 45 ပွဲ အထိ ပါဝင် ကစားပေးခွင့် ရရှိထားခဲ့ပြီး ဗီလာ ရီးယဲလ် အသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ဖိုင်နယ်မှာလည်း ပွဲထွက်ခွင့် ရသွားဖို့ ရှိနေပါတယ် ။

#Sports_Myanmar