Sports

ဆိုးလ်ရှားအနေနဲ့ ဒီဂီယာကို နံပါတ်တစ်ဂိုးသမားအဖြစ် အသုံးပြုဖြစ်ပါက ဟန်ဒါဆင်ကို မြင့်မားတဲ့ပြောင်းရွေ့ကြေးနဲ့ခေါ်ယူဖို့ ဥရောပထိပ်သီးကလပ်တွေက ဆိုးလ်ရှားကို မီးစိမ်းပြထား

အိုလေဂန်းနားဆိုးလ်ရှားဟာ ဖူလ်ဟမ်နဲ့ပွဲစဥ်မှာ ဒင်းဟန်ဒါဆင်ကို အရန်ကစားသမားအဖြစ် အသုံးပြုခဲ့တာကြောင့် ယင်းဂိုးသမားနဲ့ ယူနိုက်တက်ရဲ့ အနာဂတ်ဟာ မသေချာဖြစ်နေတယ်လို့ သတင်းထွက်လာပါတယ်။

ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုကြောင့် ဒေးဗစ်ဒီဂီယာ စပိန်သို့ ပြန်ပြီးချိန်ကတည်းက အင်္ဂလန်လက်ရွေးစင်ဟာ ယူနိုက်တက်မှာ နံပါတ်တစ်ဂိုးသမား ဖြစ်နေပါတယ်။

ဒီဂီယာ မရှိတော့တဲ့အချိန်မှာတော့ ဆိုးလ်ရှားက ဟန်ဒါဆင်ကို နံပါတ်တစ်ဂိုးသမားနေရာအတွက် အသုံးပြုခဲ့ပြီး အသက် ၂၄ နှစ်အရွယ် ကစားသမားကလည်း ပရီးမီးယားလိဂ်မှာ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လစ်ဗာပူးလ်ကို ၄-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဥ်မှာတော့ ဟန်ဒါဆင်ဟာ အမှားနှစ်ခုကို ကျူးလွန်ခဲ့တာကြောင့် ယူနိုက်တက်နည်းပြက အင်္ဂါနေ့က ဖူလ်ဟမ်နဲ့ပွဲစဥ်မှာ သူ့ကို အရန်ကစားသမားစာရင်းမှာသာ ထည့်သွင်းခဲ့ပါတယ်။

ယူရိုပါလိဂ်ဖလားဖိုင်နယ်ပွဲစဥ် ကစားဖို့အတွက်လည်း ရှစ်ရက်သာ လိုတော့တာဖြစ်ပြီး စပိန်သား ဒီဂီယာဟာ ဗီလာရီးယဲလ်နဲ့ပွဲစဥ်မှာလည်း သရဲနီတွေအတွက် ပွဲထွက်ကစားလာဖွယ် ရှိနေပါတယ်။

ဟန်ဒါဆင်ကတော့ ပြီးခဲ့တဲ့နွေရာသီက တစ်ပတ်တာလုပ်အားခ ပေါင် ၁၀၀၀၀၀ နဲ့ အိုးလ်ထရက်ဖို့ဒ်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်မှာသာ နံပါတ်တစ်ဂိုးသမား ဖြစ်မနေပါက သူဟာ အသင်းကထွက်ခွာဖို့ စဥ်းစားသွားဖွယ် ရှိနေပါတယ်။ ဆိုးလ်ရှားအနေနဲ့ ဒီဂီယာကို နံပါတ်တစ်ဂိုးသမားအဖြစ် အသုံးပြုဖြစ်ပါက ဟန်ဒါဆင်ကို မြင့်မားတဲ့ပြောင်းရွေ့ကြေးနဲ့ခေါ်ယူဖို့ ဥရောပထိပ်သီးကလပ်တွေက ဆိုးလ်ရှားကို မီးစိမ်းပြထားတယ်လို့ Sky Sports က ဆိုပါတယ်။

ချယ်လ်ဆီး၊ စပါး၊ ဒေါ့မွန်နဲ့ အေစီမီလန်တို့က အင်္ဂလန်သားကို စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ကတော့ သူ့တို့ရဲ့ကစားသမားကို ပရီးမီးယားလိဂ်ကလပ်တွေဆီသို့ ရောင်းချဖွယ်မရှိပါဘူး။

Credit – MAN UTD – MM