Local News

ငါတို့ပွဲမှာဝင်မတိုက်ပေးလို့ အပြစ်မတင်ပါနဲ့ ငါတို့ရဲ့တွန်းအားဟာ ငါတို့သမိုင်းပဲ…( သရဝဏ် (ပြည်)

ငါတို႔ပြဲမွာဝင္မတိုက္ေပးလို႔ အျပစ္မတင္ပါနဲ႔ ငါတို႔ရဲ့တြန္းအားဟာ ငါတို႔သမိုင္းပဲ…( သရဝဏ္ (ျပည္)

ငါတို႔ပြဲမွာဝင္မတိုက္ေပးလို႔

အေမရိကန္ကိုအျပစ္မတင္ပါနဲ႔

မင္းတို႔ဆႏၵၿပ ၊လူေသရင္ငါဝင္တိုက္ေပးမယ္လို႔

အေမရိကန္က တစ္ခါမွကတိေပးထားတာမရွိပါ ။

U.N ကိုအျပစ္မတင္ပါနဲ႔

ကုလသမဂၢ ဆိုတာ စကၠဴ က်ား အဆင့္

ရာထူးႀကီးေတြအမ်ိဳးမ်ိဳးတီထြင္ယူၿပီး

လခေတြနဲ႔ဇိမ္ခံေနတဲ့ စိုးရိမ္မကင္းျဖစ္မႈ

အသင္းႀကီးပါ ။

အာဏာရွင္ကို မဆန႔္က်င္လို႔

အာဆီယံကိုအျပစ္မတင္ပါနဲ႔

အာဆီယံဆိုတာ စင္ေပၚမွာလက္ေတြခ်ိတ္ၿပီး ေပါေတာေတာဓာတ္ပုံရိုက္တာနဲ႔

ညစာစားပြဲ လုပ္တာကလြဲရင္ ဘာမွမလုပ္တတ္တဲ့ အဖြဲ႕ပါ ။

ဝတပ္ဖြဲ႕ ဘာမွဝင္ေျပာေဖာ္မရလို႔

အျပစ္မတင္ပါနဲ႔ သူကေအးေဆးတ႐ုတ္သားေလ မအလနဲ႔ဖေအတူ

U.W.S.A ဆိုတာ

တ႐ုတ္ရဲ့ ထားရာေနေစရာသြား နယ္႐ုပ္ကေလးပါ ။

AA စစ္ေရးမွာဝင္မပါလို႔

အျပစ္မတင္ပါနဲ႔

သူတို႔လူမ်ိဳး လြတ္ေျမာက္ေရးေတာင္ ေအာင္ပြဲမရေသးလို႔ပါ ။

တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အခ်ိဳ႕

ဝင္မကူၾကလို႔

မနာက်ည္းပါနဲ႔

လူမ်ိဳးေရးကိုအေၿခ ခံဖြဲ႕ထားတဲ့ လက္နက္ကိုင္ဆိုတာ

သူ႔လူမ်ိဳးအတြက္ပဲ အဓိကစဥ္းစားမွာပါ ။

Generation Z ေတြက

Generation Lee ေတြကို စိတ္မပ်က္ပါနဲ႔

သူတို႔ေတြရဲ့အေၾကာက္တရားဟာ တသက္လုံး ေခါက္ရိုးက်ိဳးခဲ့ၾကလို႔ ဒီအေျခထိဆိုက္ခဲ့တာပါ ။

#၆တကယ္တမ္းအျပစ္တင္ရင္

ရာထူးနဲ႔ေငြျမင္လၽွင္လင္လုပ္မည္ဆိုတဲ့ ေအာက္တန္းစား နိုင္ငံသားအခ်ိဳ႕

ေကာက္ရိုးမီးစိတ္ဓာတ္ ပိုင္ရွင္အခ်ိဳ႕

ဘယ္သူေသေသငေတမာရင္ၿပီးသူအခ်ိဳ႕

ပြဲလန႔္တုန္းဖ်ာခင္းခ်င္သူအခ်ိဳ႕

သူတပါးမ်က္ရည္ေပါက္ႀကီးငယ္က်မွ စားဝင္အိပ္ေပ်ာ္သူအခ်ိဳ႕

မတရားမႈကိုကိုယ္နဲ႔မဆိုင္သလို ရပ္ၾကည့္ေနသူအခ်ိဳ႕

မတရားမႈကို မတရားမႈလို႔မသိနိုင္ေအာင္စိတ္ဓာတ္ယုတ္မာ နိမ့္က်ေနသူအခ်ိဳ႕

သခင္အားရကၽြန္ပါးဝသူအခ်ိဳ႕

ကိုယ့္ကိုကန္မဲ့ဖိနပ္ကိုလၽွာနဲ႔လ်က္ ေနသူအခ်ိဳ႕ ကိုအျပစ္တင္ပါ

ယုတ္မာညစ္ေထးမႈ ကမ္းကုန္ေသာ စစ္အာဏာရွင္ မ်ားကိုအျပစ္တင္ပါ ။

အရင္းစစ္ေတာ့အျမစ္ေျမက

ေရခံေျမခံမေကာင္းခဲ့တဲ့

ေဟာဒိ ျမန္မာျပည္မွာ

အဆိပ္ပင္ေသဖို႔ဆိုရင္အျမစ္ကလွန္ၾကရလိမ့္မယ္ ။

႐ူပေဗဒမွာေတာ့

အရာဝတၱဳ တစ္ခုကို ေနရာကေရြ႕ဖို႔ဆိုရင္

သူ႔ထက္ႀကီးမားတဲ့ အားတစ္ခုနဲ႔တြန္းဖို႔လိုတယ္

ငါတို႔ရဲ့တြန္းအားဟာ

ငါတို႔သမိုင္းပဲ။

CRD_သရဝဏ္ (ျပည္)

unicode

ငါတို့ပွဲမှာဝင်မတိုက်ပေးလို့ အပြစ်မတင်ပါနဲ့ ငါတို့ရဲ့တွန်းအားဟာ ငါတို့သမိုင်းပဲ…( သရဝဏ် (ပြည်)

ငါတို့ပွဲမှာဝင်မတိုက်ပေးလို့

အမေရိကန်ကိုအပြစ်မတင်ပါနဲ့

မင်းတို့ဆန္ဒပြ ၊လူသေရင်ငါဝင်တိုက်ပေးမယ်လို့

အမေရိကန်က တစ်ခါမှကတိပေးထားတာမရှိပါ ။

U.N ကိုအပြစ်မတင်ပါနဲ့

ကုလသမဂ္ဂ ဆိုတာ စက္ကူ ကျား အဆင့်

ရာထူးကြီးတွေအမျိုးမျိုးတီထွင်ယူပြီး

လခတွေနဲ့ဇိမ်ခံနေတဲ့ စိုးရိမ်မကင်းဖြစ်မှု

အသင်းကြီးပါ ။

အာဏာရှင်ကို မဆန့်ကျင်လို့

အာဆီယံကိုအပြစ်မတင်ပါနဲ့

အာဆီယံဆိုတာ စင်ပေါ်မှာလက်တွေချိတ်ပြီး ပေါတောတောဓာတ်ပုံရိုက်တာနဲ့

ညစာစားပွဲ လုပ်တာကလွဲရင် ဘာမှမလုပ်တတ်တဲ့ အဖွဲ့ပါ ။

ဝတပ်ဖွဲ့ ဘာမှဝင်ပြောဖော်မရလို့

အပြစ်မတင်ပါနဲ့ သူကအေးဆေးတရုတ်သားလေ မအလနဲ့ဖအေတူ

U.W.S.A ဆိုတာ

တရုတ်ရဲ့ ထားရာနေစေရာသွား နယ်ရုပ်ကလေးပါ ။

AA စစ်ရေးမှာဝင်မပါလို့

အပြစ်မတင်ပါနဲ့

သူတို့လူမျိုး လွတ်မြောက်ရေးတောင် အောင်ပွဲမရသေးလို့ပါ ။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့

ဝင်မကူကြလို့

မနာကျည်းပါနဲ့

လူမျိုးရေးကိုအခြေ ခံဖွဲ့ထားတဲ့ လက်နက်ကိုင်ဆိုတာ

သူ့လူမျိုးအတွက်ပဲ အဓိကစဉ်းစားမှာပါ ။

Generation Z တွေက

Generation Lee တွေကို စိတ်မပျက်ပါနဲ့

သူတို့တွေရဲ့အကြောက်တရားဟာ တသက်လုံး ခေါက်ရိုးကျိုးခဲ့ကြလို့ ဒီအခြေထိဆိုက်ခဲ့တာပါ ။

#၆တကယ်တမ်းအပြစ်တင်ရင်

ရာထူးနဲ့ငွေမြင်လျှင်လင်လုပ်မည်ဆိုတဲ့ အောက်တန်းစား နိုင်ငံသားအချို့

ကောက်ရိုးမီးစိတ်ဓာတ် ပိုင်ရှင်အချို့

ဘယ်သူသေသေငတေမာရင်ပြီးသူအချို့

ပွဲလန့်တုန်းဖျာခင်းချင်သူအချို့

သူတပါးမျက်ရည်ပေါက်ကြီးငယ်ကျမှ စားဝင်အိပ်ပျော်သူအချို့

မတရားမှုကိုကိုယ်နဲ့မဆိုင်သလို ရပ်ကြည့်နေသူအချို့

မတရားမှုကို မတရားမှုလို့မသိနိုင်အောင်စိတ်ဓာတ်ယုတ်မာ နိမ့်ကျနေသူအချို့

သခင်အားရကျွန်ပါးဝသူအချို့

ကိုယ့်ကိုကန်မဲ့ဖိနပ်ကိုလျှာနဲ့လျက် နေသူအချို့ ကိုအပြစ်တင်ပါ

ယုတ်မာညစ်ထေးမှု ကမ်းကုန်သော စစ်အာဏာရှင် များကိုအပြစ်တင်ပါ ။

အရင်းစစ်တော့အမြစ်မြေက

ရေခံမြေခံမကောင်းခဲ့တဲ့

ဟောဒိ မြန်မာပြည်မှာ

အဆိပ်ပင်သေဖို့ဆိုရင်အမြစ်ကလှန်ကြရလိမ့်မယ် ။

ရူပဗေဒမှာတော့

အရာဝတ္တု တစ်ခုကို နေရာကရွေ့ဖို့ဆိုရင်

သူ့ထက်ကြီးမားတဲ့ အားတစ်ခုနဲ့တွန်းဖို့လိုတယ်

ငါတို့ရဲ့တွန်းအားဟာ

ငါတို့သမိုင်းပဲ။

CRD_သရဝဏ် (ပြည်)