Sports

မက်ဆီနဲ့ရော်နယ်ဒို ဘယ်သူပိုကောင်းသလဲလို့ ထုတ်ပြောလာတဲ့ ယန်းအော့ဘ်လက်

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဂိုးသမား အသက် ၂၈ နှစ်အရွယ် ဆလိုဗေးနီးယား လက်ရွေးစင်အသင်းခေါင်းဆောင် ယန်းအော့ဘ်လက်ကတော့ မက်ဆီဟာ ကမ္ဘာမြေပေါ်က အကောင်းဆုံး ဘောလုံးသမားလို့ ထုတ်ပြောနေပါပြီ။

“ကျွန်တော် အမြဲတမ်း ပြောခဲ့ပါတယ်။ မက်ဆီကိုပဲ ရွေးမယ်လို့။ သူဟာ အံ့ဩစရာကောင်းတဲ့ ဘောလုံးသမားပါ။ အဆင့်အမြင့်ဆုံးခြေစွမ်းကို အမြဲတမ်း ထိန်းထားနိုင်တယ်။ ကျွန်တော့်အတွက်တော့ မက်ဆီဟာ အကောင်းဆုံးပါ”

“ရော်နယ်ဒိုကတော့ ကျွန်တော့်ရဲ့ အိပ်မက်အသင်းမှာ ပါဝင်မယ့် ကစားသမားပေါ့။ သူနဲ့ မက်ဆီဟာ ဒီခေတ်ဘောလုံးလောကရဲ့ မှတ်ကျောက်တွေပါ။ သူတို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေက အံ့မခန်းပါပဲ”ဟု အားကစားမီဒီယာတစ်ခုနှင့် တွေ့ဆုံရာတွင် အော့ဘ်လက်က ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက အာဂျင်တီးနားဘောလုံးသူရဲကောင်း မက်ဆီနှင့်အတူ တွဲကစားချင်ကြောင်း အော့ဘ်လက်က ပြောဆိုခဲ့သည်။

“မက်ဆီဟာ အံမခန်းတွေကို အမြဲတမ်း လုပ်ဆောင်နိုင်တဲ့သူပါ။ သူဟာ ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာထဲကို ဘယ်လိုကနေဘယ်လို ဘောလုံးရောက်အောင် သယ်လာနိုင်မှန်း မသိဘူး။ တစ်ကွင်းလုံးကို ဖြတ်ဆွဲလာပြီးတော့ ဂိုးသွင်းလိုက်တော့တာပါပဲ”ဟု အော့ဘ်လက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မက်ဆီဟာ ဘောလုံးကျွမ်းကျင်မှု အမျိုးစုံရှိတဲ့ ဘောလုံးသမားပါ။ ဒါကြောင့် သူ့ကိုအကောင်းဆုံးလို့ ကျွန်တော် ရွေးခဲ့တာပါ။ သူ့ကို ပြိုင်ဘက်အဖြစ် ကစားမယ့်အစား တစ်သင်းတည်းမှာပဲ တွဲကစားချင်ပါတယ်။ အဖက်ဖက်က ပြည့်စုံတဲ့ ဘောလုံးသမားမို့လို့ ကမ္ဘာ့အကောင်းဆုံးလို့ ဆိုလိုတာဖြစ်ပါတယ်”ဟု အော့ဘ်လက်က ပြောဆိုခဲ့သည်။

အော့ဘ်လက်သည် လက်ရှိအချိန်တွင် ခန့်မှန်းတန်ဖိုး ယူရိုသန်း ၉၀ ရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမားအဖြစ် ယူဆခြင်းခံထားရသူဖြစ်သည်။

Credit – Inarr Sports Journal

Unicode








Credit – Inarr Sports Journal