Sports

ယူနိုက်တက် ကြယ်ပွင့်တစ်ဦးကို လီဗာပူး ခေါင်းဆောင် ဟန်ဒါဆန်နဲ့ ခိုင်းနှိုင်းလိုက်တဲ့ ရီယို ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ စကော့ မတ် တော်မီနေး ဟာ လီဗာပူး အသင်းမှာ ဂျော်ဒန် ဟန်ဒါဆန် လွှမ်းမိုးပေး သလိုမျိုး ယူနိုက်တက် အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိကြောင်း ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ရီယို ဖာဒီနန် က ထုတ်ဖော် ပြောကြားလိုက်ပါတယ် ။

အသက် 24 နှစ်သာ ရှိနေသေးတဲ့ စကော့တလန်းသား တော်မီနေးဟာ မန်ချက်စတာ အကယ်ဒမီမှ ထွက်ပေါ်လာခဲ့သူ တစ်ဦးဖြစ်ပြီး 2017 ခုနှစ် တုန်းက ဟိုဆေး မော်ရင်ဟို လက်အောက်မှာ ပွဲထွက်ခွင့် စတင် ရရှိခဲ့သူပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ အသင်းအတွက် ပြိုင်ပွဲစုံ 132 ပွဲ ကစားပေးထားခဲ့ပါပြီ ။

ဒါ့အပြင် လက်ရှိ ဘောလုံး ရာသီမှာလည်း ပုံစံကောင်းတွေ ပြသထားခဲ့တဲ့ တော်မီနေးဟာ အသင်းအတွက် လိဂ်ပွဲ 32 ပွဲထိ ပါဝင် ကစားပေးခွင့် ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် သူဟာ ရှေ့ဆက် တိုးတက် လာနိုင်ဦးမယ့်သူ အဖြစ် ထင်ကြေးပေးခံ နေခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ဖာဒီနန် ကလည်း တော်မီနေးဟာ ဆက်လက် တိုးတက်လာဦးမှာ ဖြစ်ကြောင်း ၊ သူ့ကို မှန်ကန် ကောင်းမွန်တဲ့ နည်းလမ်း နဲ့ အသုံးပြု နိုင်မယ်ဆိုရင် ဂျော်ဒန် ဟန်ဒါဆန်လို အသင်းအပေါ် လွှမ်းမိုး နိုင်မှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

” မတ်တော်မီနေးဟာ ဆက်လက်တိုးတက်ဦးမယ် ဆိုရင် လီဗာပူး အသင်းမှာ ဂျော်ဒန် ဟန်ဒါဆန် လွှမ်းမိုးပြသလိုမျိုး မန်ချက်စတာ ယူနိုက်တက် အသင်းမှာ လွှမ်းမိုးပြနိုင်လိမ့်မယ်လို့ ကျွန်တော်တွေးမိပါတယ် ။ အသင်းကိုတော့ မှန်ကန်တဲ့ နည်းလမ်းနဲ့ တည်ဆောက်ရပါလိမ့်မယ် ”

” သူဟာ အဲ့ဒီလို လုပ်ပြနိုင်မယ့် စိတ်ဓါတ်မျိုး ၊ စရိုက် လက္ခဏာမျိုး ၊ မှန်ကန်တဲ့ အရည်အသွေးမျိုး တွေကို ပိုင်ဆိုင်ထားပါတယ် ။ သူဟာ ကွင်းထဲမှာ cover ပေးနိုင်တဲ့ ကစားသမားမျိုးပါ ။ သူဟာ ဘောလုံး လုယူနိုင်သလို ၊ ကိုင်ပြီးလည်း ကစားတတ်ပါတယ် ”

” သူဟာ ဘရူနို ဖာနန်ဒက်စ် ၊ ပေါလ် ပေါ့ဂ်ဘာ တို့လိုမျိုး ဘောလုံးပေးပို့မှုတွေကို မလုပ်ဆောင်နိုင်ပါဘူး ။ အသင်းမှာ ဒီလို ကစားသမားတွေ ရှိနေမှတော့ အဲ့တာတွေ လုပ်ပြဖို့လည်း မလိုအပ်ပါဘူး ” လို့ ပြောပြရင်း တော်မီနေးဟာ အသင်းမှာ ကွင်းလယ်ပိုင်း ကျွမ်းကျင်သူ နည်းပြတွေကိုလည်း ပိုင်ဆိုင်ထားကြောင်း ဖာဒီနန်က ဆက်လက် ပြောခဲ့လိုက် ပါတယ် ။

” ဒီနေရာအတွက် သူဟာ အကောင်းဆုံး နည်းပြတွေကို ပိုင်ဆိုင်ထားပါတယ် ။ ကွင်းလယ် အကြောင်း ကောင်းမွန်စွာ သိကြတဲ့ မိုက်ကယ်ကာရစ်၊ ဒါးရင်းဖလက်ချာ တို့လို နည်းပြတွေ အသင်းမှာ ရှိနေကြပါတယ် ။ ဒါပေမယ့် သူ့ရဲ့ အနားမှာ မှန်ကန်တဲ့ ကစားသမား ရှိဖို့လည်း လိုအပ်လှ ပါတယ် ။ ဖရက်ဒ်က အဲ့ဒီလို ကစားသမားမျိုး မဟုတ်ပါဘူး ”

” မတ်တော်မီနေးဟာ အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိသူပါပဲ ။ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာဆိုရင် သူဟာ ယူနိုက်တက်ရဲ့ ယဥ်ကျေးမှုနဲ့အညီ အသင်းကို ဦးဆောင် မောင်းနှင် ပေးနေခဲ့ပါတယ် ။ သူဟာ ကိုယ်ပိုင်ယုံကြည်မှု အားကောင်းတဲ့ ကစားသမား တစ်ဦးပါ ”

” သူဟာ အလုပ်ကြိုးစားသူ တစ်ဦးဖြစ်သလို စိတ်ဓါတ် ပြင်းထန်သူ တစ်ဦးလည်း ဖြစ်ပါတယ် ။ ကျွန်တော်တို့ အသင်းမှာ မြင်တွေ့လိုကြတဲ့ အရာတွေ ရှိနေပါတယ် ။ ဒါကို ယူဆောင်ပေးနိုင်တဲ့ အရည်အသွေးတွေ သူ့ဆီမှာ ရှိနေပါတယ် ” လို့ ရီယို ဖာဒီနန် က ချီးကျူး စကား ဆိုသွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar