Sports

မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဝါရင့်တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီတို့ ဇာတိမြို့ကနေ ပေါ်ထွက်လာတဲ့ ဥရုဂွေး ကွင်းလယ်လူ မော်ရို အာရမ်ဘာရီကို မူလသတ်မှတ်ဈေး ယူရို ၂၅ သန်းထက် ၂၈ ရာခိုင်နှုန်း လျော့နည်းတဲ့ ဈေးဖြစ်တဲ့ ပေါင် ၁၅ သန်းနဲ့ ဂီတာဖေးအသင်းကနေ ခေါ်ယူနိုင်ဖို့ နီးစပ်နေ။

ယူရိုပါလိဂ်ဖိုင်နယ်အဖြစ် ပိုလန်နိုင်ငံ ဂဒန့်စ်မှာ ကစားရမယ့် ဗီလာရီးရဲလ်နဲ့ ပွဲစဉ်အတွက် နည်းပြ ဆိုးလ်ရှားအနေနဲ့ ဝါရင့်ဂိုးသမား ဒေးဗစ် ဒဟေးယားကို ပွဲထွက်သုံးစွဲဖို့ ရွေးချယ်ထားပြီး ဟန်ဒါဆန်အနေနဲ့တော့ ပရီးမီးယားလိဂ်ပိတ်ပွဲမှာ ကစားရုံနဲ့ ကျေနပ်ရဖွယ်ရှိနေ။

ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့အတွက် ကြိုးစားနေရာမှာ ချဲလ်ဆီးအသင်းရဲ့ ဝင်ရောက်နှောင့်ယှက်မှုနဲ့ ကြုံတွေ့နေရတာကြောင့် ယူနိုက်တက်တို့အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ လီရွိုင်း ဆာနေး၊ ဆာ့ဂျ် ဂနာဘရီတို့နဲ့ နေရာလုနေရတဲ့ ပြင်သစ်တောင်ပံကစားသမား ကင်းစလီ ကိုမွန်ကို အရန်အစီအစဉ်အဖြစ် စောင့်ကြည့်နေ။

ယူနိုက်တက်တို့အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းရဲ့ ဂိုးသမားရာထူးအတွက် တစ်ဖန်ပြန်လည်စဉ်းစားဖွယ်ရှိနေပြီး ဒဟေးယားကို ဆက်လက်ထားရှိဖို့နဲ့ ဟန်ဒါဆန်ကို ရောင်းချဖို့ စဉ်းစားလာခဲ့ချိန်မှာ ချဲလ်ဆီးနဲ့ စပါးစ်အသင်းတွေ အပါအဝင် ဥရောပအသင်းကြီးတချို့ စိတ်ဝင်စားလာခဲ့။

ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို တိုက်စစ်ဘယ်ခြမ်းမှာ နေရာပေးနေမှုကြောင့် ခြေစွမ်းပြနိုင်မှု နည်းပါးနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ဂယ်ရီ နဗီးလ်ရဲ့ ဝေဖန်မှုအပြီးမှာ တိုက်ဆိုင်စွာပဲ မူလနေရာကို ပြန်လည်ရရှိဖွယ်ရှိနေပြီး ဖရက်ဒ်ရဲ့ ပြောလို့မရသေးတဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့် ပေါ့ဘာကို ကွင်းလယ်ကို ပြန်သုံးပြီး သူ့ကို ဘယ်ခြမ်းမှာ ပြန်ထားရဖို့ရှိလာ။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားအနေနဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကစားရမယ့် မေလ ၂၆ ရက်နေ့အမီ ကြံ့ခိုင်ဖို့ လုပ်ဆောင်နေပေမယ့် ဒဏ်ရာအခြေအနေက ထင်သလောက် အားရစရာမရှိတာကြောင့် အရေးအပါဆုံးပွဲကို လွဲချော်ရဖို့ရှိနေ။

စပို့တင်းလစ္စဘွန်းအသင်းရဲ့ နောက်ခံလူ နူနို မန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ယူနိုက်တက်တို့ကိုယ်စား ဆွေးနွေးပေးနေတဲ့ အေးဂျင့် မီဂယ် ပင်ညိုအနေနဲ့ သူ့ရဲ့အဓိက ဖောက်သည်တစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်အတွက် စာချုပ်သစ်ကို တောင်းဆိုဖို့ လာမယ့် ရက်ပိုင်းအတွင်း အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာဖွယ်ရှိနေ။

တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီကို စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် အသင်းအတွက် နံပါတ် ၉ တိုက်စစ်မှူးနေရာကို အပြည့်အဝ တာဝန်ယူပေးနိုင်မယ့်သူတစ်ဦးကို ခေါ်ယူဖို့ နည်းပြ ဆိုးလ်ရှားအနေနဲ့ မငြင်းပယ်ခဲ့ဘဲ ဆောက်သမ်တန်ရဲ့ ဒန်နီအင်းစ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူဖို့ သတင်းတွေက ပိုမိုဆူညံလာခဲ့။

တော့တင်ဟမ်ဟော့စပါးစ်အသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ အောင်မြင်မှုတွေအတွက် မန်စီးတီးအသင်းကို ပိုမိုစိတ်ဝင်စားနိုင်ပေမယ့် တကယ်တမ်း သူ့ရဲ့ ကစားဟန်နဲ့ ကိုက်ညီပြီး ထိထိရောက်ရောက် အသုံးချနိုင်မယ့် အသင်းက မန်ချက်စတာယူနိုက်တက်အသင်းပဲဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ ထောက်ပြသွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.