Sports

” ဘိုင်ယန်မြူးနစ် အသင်းမှ ပြင်သစ်ကြယ်ပွင့် ကွင်းလယ် ကစားသမား ကိုးမန်းကို လာမယ့် ရက် ပိုင်း အတွင်းမှာ မြင့်မားတဲ့ပြောင်းရွေ့ ကြေးနဲ့ ခေါ်ယူနိုင်တော့မယ့် ယူနိုက်တက် “







Unicode

ပရီးမီးယားလိဂ် အင်အားကြီး အသင်း ( 1 ) သင်း ဖြစ်တဲ့ ယူနိုက်တက် အသင်းသည် ဘိုင်ယန်မြူးနစ်အသင်းတွင် တောက်ပနေတဲ့ တောင်ပံတိုက်စစ် ကစားသမား ပြင်သစ်ကြယ်ပွင့် ကွင်းလယ် ကစားသမား ကိုးမန်းကို လာမယ့် ရက် ပိုင်း အတွင်းမှာ မြင့်မားတဲ့ပြောင်းရွေ့ ကြေးနဲ့ ခေါ်ယူနိုင်တော့ မှာ ဖြစ်တယ်လို့ ဂျာမဏီ နာမည်ကြီး သတင်းစာစောင်တွေမှာ ဖော်ပြနေတာ တွေ့ရဘာတယ် ။

ယူနိုက်တက်အသင်း သည် ပြင်သစ်ကြယ်ပွင့် ကွင်းလယ် ကစားသမား ကိုးမန်း ကို ခေါ်ယူဘို့. အရင်နှစ်တွေကတည်းကစိတ်ဝင်စားခဲ့တာဖြစ်ပြီး ပြင်သစ်ကြယ်ပွင့် ကွင်းလယ် ကစားသမား ကိုးမန်း သည် ဘိုင်ယန်မြူး နစ်အသင်းမှာ သူရနေတဲ့လစာငွေက နည်းပါးနေတဲ့အပေါ် မကျေမနပ်ဖြစ်နေတယ်လို့ သတင်းထွက်နေပါတယ်။

အသက်( 24 ) နှစ်အရွယ်သာ ရှိသေးတဲ့ ပြင်သစ်ကြယ်ပွင့် ကွင်းလယ် ကစားသမား ကိုးမန်း သည် ဘိုင်ယန်မြူးနစ်အသင်းမှာ ( 1 )နှစ်ကို 12 သန်းရရှိနေပေမယ့်အခွန်နှုတ်ပြီးသွားရင်တော့ အဲဒီပမာဏထက် နည်းပါးသွားတာဖြစ်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်း သည် ပြင်သစ်ကြယ်ပွင့် ကွင်းလယ် ကစားသမား ကိုးမန်း ကို မြင့်မားတဲ့လစာငွေနဲ့ကမ်းလှမ်းသွားဖို့စီစဉ်နေပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့ရဲ့အဓိကကစားသမား ( 1 ) ယောက် ကို လွယ်လွယ်နဲ့လက်လွှတ်ခံမယ့်အနေအထားမရှိပါဘူး။

ပြင်သစ်ကြယ်ပွင့် ကွင်းလယ် ကစားသမား ကိုးမန်း သည် 2015 ခုနှစ်တုန်းက ဂျုဗင်တပ် အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီအငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြကစားနိုင်တာကြောင့် 2017 ခုနှစ်မှာဘိုင်ယန်မြူးနစ်အသင်းက သူ့ကိုအပြီးသတ်ခေါ်ယူခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် ကစားသမားဘဝ ( 6 ) နှစ်တာကာလအတွင်း ဘွန်ဒစ်လီဂါ ( 6 ) ကြိမ်၊ချန်ပီယံလိဂ်အပါအဝင် အဓိက ဆုဖလားတွေအများကြီး ရယူနိုင်ခဲ့တဲ့ ပြင်သစ်ကြယ်ပွင့် ကွင်းလယ် ကစားသမား ကိုးမန်း သည် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေသူလည်းဖြစ်ပါတယ်။

ခ ရက် ဒစ်