Sports

ရိုနယ်ဒို ဦးဆောင်လာတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ပေါ်တူဂီ လူစာရင်း

ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ ယူရို ပြိုင်ပွဲ အတွက် လူစာရင်း ထွက်ပေါ် လာခဲ့ ပါပြီ ။ ၂၀၁၆ ပြိုင်ပွဲ ရဲ့ ချန်ပီယံတွေဟာ ပြီးခဲ့တဲ့ နှစ်က ကိုဗစ်ကြောင့် ရွှေ့ဆိုင်း လိုက်ရတဲ့ ဒီပြိုင်ပွဲမှာ ဖလား ကာကွယ်သူတွေ အဖြစ် ပါဝင် ယှဉ်ပြိုင် သွားကြ ရမှာပါ ။ လွန်ခဲ့တဲ့ ၅ နှစ် တုန်းက သူတို့ဟာ ပြင်သစ် မြေပေါ်မှာ အိမ်ရှင်ကို အနိုင်ယူပြီး ဗိုလ်စွဲ ခဲ့ ပါတယ် ။ ဒီတစ်ကြိမ်ရော သူတို့တွေ ဘာလုပ်ပြနိုင် ဦးမှာလဲ ?

ပေါ်တူဂီ နည်းပြကြီး ဖာနန်ဒို ဆန်းတိုစ့် ဟာ ကစားသမား ၂၄ ဦးပါဝင်တဲ့ ကနဦး လူစာရင်းကို ယမန်နေ့က ထုတ်ပြန် ခဲ့ပါတယ် ။ ဒီလူတွေ နဲ့ စခန်းသွင်း လေ့ကျင့်မှာဖြစ်ပြီး ဒဏ်ရာ ရရှိသူ ရှိလာခဲ့ပါက အချိန်မီ အစားထိုးရမှာ ဖြစ်ပါတယ် ။

ပေါ်တူဂီ အသင်းကို ခရစ္စတီယာနို ရိုနယ်ဒို ကပဲ အသင်းခေါင်းဆောင် အဖြစ် နဲ့ တာဝန်ယူ ကစား သွားမှာပါ ။ အသက် ၃၆ နှစ် ရှိပြီ ဖြစ်တဲ့ တိုက်စစ်မှူးကြီး အတွက်တော့ ဒါဟာ သူ့ရဲ့ နောက်ဆုံး ယူရို ပြိုင်ပွဲတောင် ဖြစ်သွား နိုင်ပါတယ် ။ ရိုနယ်ဒို ဟာ နိုင်ငံတကာ လက်ရွေးစင် ဂိုးသွင်းသူ စာရင်းမှာ အလီဒါယီ ရဲ့ ၁၀၉ ဂိုး စံချိန်ကို မီဖို့ ၆ ဂိုး အလိုမှာ ရှိနေတာပါ ။ ဒီပြိုင်ပွဲ ဟာ ရိုနယ်ဒို အတွက် အခွင့်အရေး တစ်ခု အဖြစ် ရှိနေမှာ မလွဲဧကန် ပါပဲ ။

ဒါပေမယ့် ပေါ်တူဂီမှာ ရိုနယ်ဒို တစ်ယောက်တည်း ရှိနေတာ မဟုတ်ပါဘူး ။ ဆန်းတိုစ့် ရဲ့ အသင်းဟာ အရည်အသွေးမြင့်တဲ့ လူကြီး လူငယ် ကစားသမားကောင်းတွေ ပေါင်းစပ် ဖွဲ့စည်းထားပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဂျာမနီ ၊ ပြင်သစ် ၊ ဘယ်လ်ဂျီယံ တို့နဲ့ တန်းတူ အလေးပေး ခံထားရတဲ့ အသင်းအဖြစ် ရှိနေပါတယ် ။

ယူရို ပြိုင်ပွဲဝင်မယ့် ပေါ်တူဂီ လူစာရင်းမှာ မန်စီးတီး ကစားသမားတွေ ဖြစ်တဲ့ ရူဘင် ဒီယာ့စ် ၊ ဘာနာဒို ဆေးဗား ၊ ကန်ဆယ်လို တို့ ပါဝင်ခဲ့ ကြပါတယ် ။ ရူဘင် ဒီယာ့စ် ဟာ ဒီရာသီမှာ မန်စီးတီး နဲ့ အထူးခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစားသမား ဆုရှင် ဘရူနို ဖာနန်ဒက်စ် ၊ အက်သလက်တီကို မက်ဒရစ် ရဲ့ တန်ကြေးအမြင့်ဆုံး လူငယ်ကြယ်ပွင့် ဂျာအို ဖိလစ် ၊ ဝုဗ် အသင်းရဲ့ အမာခံတွေ ဖြစ်တဲ့ ဂိုးသမား ပက်ထရီစီယို ၊ ဆီမီဒို ၊ မော်တင်ဟို နဲ့ ရူဘင် နီဗက်စ် တို့ကလည်း နည်းပြကြီး ဖာနန်ဒို ဆန်းတိုစ့် ရဲ့ စာရင်းမှာ ပါဝင် နိုင်ခဲ့ ကြပါတယ် ။

ပေါ်တူဂီ ဟာ အုပ်စု F မှာ ဟန်ဂေရီ ၊ ပြင်သစ် ၊ ဂျာမဏီ တို့နဲ့ အတူ ကျရောက်နေပါတယ် ။ ဒီ အုပ်စုဟာ ပြိုင်ပွဲရဲ့ အကြပ်ဆုံး အုပ်စု ဖြစ်ပြီး ပြင်သစ် နဲ့ ပေါ်တူဂီ ၊ ပြင်သစ် နဲ့ ဂျာမဏီ ပွဲတွေဟာ ယူရို ၂၀၁၆ ကို ပြန်ပြီး သတိရစေ မှာ သေချာလို့ နေပါတယ် ။

အုပ်စု အားလုံး ၆ အုပ်စု ရှိပြီး အုပ်စု ပထမ နဲ့ ဒုတိယ ၁၂ သင်း ၊ အကောင်းဆုံး တတိယ ၄ သင်းတို့ဟာ နောက်တစ်ဆင့်ကို တက်ရောက် ကာ ဆက်လက် ယှဉ်ပြိုင် ရမှာပဲ ဖြစ်ပါတယ် ။ ပေါ်တူဂီ ကတော့ ဇွန်လ ၁၅ ရက်နေ့မှာ ဟန်ဂေရီ အသင်းနဲ့ ဘူဒါပတ်စ် မှာ အဖွင့်ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာပါ ။ ပြိုင်ပွဲ အကြို ပြင်ဆင်မှု အဖြစ် ဇွန်လ ၄ ရက်နေ့ နဲ့ ၉ ရက်နေ့တွေမှာ စပိန် ၊ အစ္စရေး အသင်းတွေနဲ့ ခြေစမ်းဖို့လည်း စီစဉ်ထားကြ ပါတယ် ။

ဒီနှစ် ယူရိုပြိုင်ပွဲ ကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၁ ရက်နေ့အထိ ကျင်းပ သွားမှာပါ ။ အသင်းပေါင်း ၂၄ သင်း ပါဝင်တဲ့ ဒီပြိုင်ပွဲဟာ အရင်နှစ်တွေ ကလို အိမ်ရှင် တစ်နိုင်ငံတည်းက လက်ခံ ကျင်းပတာမျိုး မဟာတ်ဘဲ နိုင်ငံပေါင်း ၁၁ နိုင်ငံက ကွင်း ၁၁ ကွင်းဟာ အုပ်စု နဲ့ ရှုံးထွက် ပွဲစဉ်တွေကို လက်ခံ ကစား သွားရမှာပဲ ဖြစ် ပါတယ် ။

UEFA ဟာ ဒေသတွင်း လက်ရွေးစင် အသင်းတွေ အကြား ဝင်ငွေ စီးဆင်းမှု ညီမျှကာ ပိုကောင်း အားကောင်း လာစေဖို့ ရည်ရွယ်ပြီး အခုလို အိမ်ရှင် ၁၁ နိုင်ငံ အစီအစဉ်ကို ရေးဆွဲ ခဲ့တာပဲ ဖြစ်ပါတယ် ။ အစီအစဉ် ရဲ့ ရည်ရွယ်ချက်က ကောင်းမွန်ပေမယ့် လက်ရှိ ကိုဗစ် ကူးစက်နေတဲ့ ကမ္ဘာကြီးရဲ့ အနေအထားမှာ ဘယ်ပွဲစဉ်တွေ ဘယ်လို ရွှေ့ဆိုင်းရဦး မလဲ ဆိုတာတော့ မသိနိုင်ပါဘူး ။

ပေါ်တူဂီ အသင်းရဲ့ ယူရို ပြိုင်ပွဲဝင် လူစာရင်း –

ဂိုး – အန်တိုနီ လိုပက်ဇ် ( လိုင်ယွန် ) ၊ ပက်ထရီစီယို ( ဝုဗ် ) ၊ ရူအီ ဆေးဗား ( ဂရန်နာဒါ )

နောက်တန်း – ကန်ဆယ်လို ( မန်စီးတီး ) ၊ ဆီမီဒို ( ဝုဗ် ) ၊ ဟိုဆေး ဖွန်တီ ( လိုင်လီ ) ၊ ပီပီ ( ပေါ်တို ) ၊ ရူဘင် ဒီယာ့စ် ( မန်စီးတိး ) ၊ နူနို မန်ဒက်စ် ( စပို့တင်း ) ၊ ရာဖေး ဂွာရဲရိုး ( ဒေါ့မွန် )

အလယ်တန်း – ဒါနီလို ပါရဲရား ( PSG ) ၊ ဖယ်ဟီဟာ ( စပို့တင်း ) ၊ ရူဘင် နီဗက်စ် ( ဝုဗ် ) ၊ ဘရူနို ဖာနန်ဒက်စ် ( မန်ယူနိုက်တက် ) ၊ မော်တင်ဟို ( ဝုဗ် ) ၊ ရာဖေး ဆန်ချက် ( လိုင်လီ ) ၊ အိုလီဗီရာယာ ( ပေါ်တို ) ၊ ဝီလ်ယံ ကာဗယ်ဟို ( ဘက်တစ် )

ရှေ့တန်း – ပက်ဒရို ဂွန်ကားဗက် ( စပို့တင်း ) ၊ အန်ဒရီ ဆေးဗား ( ဖရန့်ဖွတ် ) ၊ ဘာနာဒို ဆေးဗား ( မန်စီးတီး ) ၊ ရိုနယ်ဒို ( ယူဗင်တပ် ) ၊ ဒီယေဂို ဂျိုတာ ( လီဗာပူး ) ၊ ဂွန်ကာလို ဂွီဒက်စ် ( ဗလင်စီယာ ) ၊ ဂျာအို ဖိလစ် ( အေတီကို မက်ဒရစ် ) ၊ ရာဖေး ဆေးဗား ( ဘင်ဖီကာ )

SPORTS MYANMAR