Local News

ဝန်ဆောင်ခပိုကောက်ခံတဲ့ ကိုယ်စားလှယ်တွေကို အရေးယူမယ်လို့ Wave Money ကြေညာ

Wave Money ကိုယ်စားလှယ်တွေဟာ ဝန်ဆောင်ခပိုကောက်တယ်လို့ တိုင်ကြားမှုတွေရထားပြီး ဒီအတွက် အရေးယူသွားမယ်လို့ Wave Money က ဒီနေ့ မေ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

“Wave Money ဝန်ဆောင်မှုအတွက် ကျသင့်ငွေထက် ပိုမိုကောက်ခံခြင်းကို ခွင့်ပြုခြင်းမရှိကြောင်း အကြောင်းကြားထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် အခကြေးငွေ ပိုမိုပေးဆောင်ရသည့် အဖြစ်အပျက်များကို Wave Money မှ စစ်ဆေးအရေးယူသွားမည်ဖြစ်ပြီး ယခုကဲ့သို့ အခြေအနေမျိုးတွင် သုံးစွဲသူများအပေါ် အခွင့်ကောင်းယူခြင်း သို့မဟုတ် စည်းကမ်းဖောက်ဖျက်ပြီး မမှန်မကန်ပြုမူခြင်းများကို သင့်လျော်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်သွားပါမည်။” လို့ ရေးသားထားပါတယ်။

Wave Money ရဲ့ ဝန်ဆောင်မှု ဒါမှမဟုတ် ကိုယ်စားလှယ်နဲ့ ပတ်သက်လို့ အခက်အခဲရှိခဲ့ရင် Call Center (900 / တယ်လီနော) နဲ့ (09790009000 / အခြားအော်ပရေတာများ) ကို အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိ ပြင်ပမှာတော့ Wave Money ကနေ ငွေသားထုတ်ဖို့အတွက် ၁၀ ရာခိုင်နှုန်းဝန်းကျင် အပိုပေးဆောင်နေရပြီး တချို့နေရာတွေမှာဆိုရင် ၁၄ ရာခိုင်နှုန်းအထိ ကောက်ခံပြီး ငွေသားလဲပေးနေတာ ဖြစ်ပါတယ်။ကရက်ဒစ်