Sports

” ဟူဂယ်နဲ့ ထရာအိုရေးတို့အတွက် အထူးအစီအစဉ်တွေ စီစဉ်ထားတယ်လို့ ယူနိုက်တက် အသင်း ပရိတ်သတ်တွေကို သတင်းကောင်း ပါးလိုက်တဲ့ ဆိုးရှား “







Unicode

ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားက ဟူဂယ်နဲ့ ထရာအိုရေးတို့အတွက် အထူးအစီအစဉ်တွေ စီစဉ်ထားတယ်လို့ ယူနိုက်တက် အသင်း ပရိတ်သတ်တွေကို သတင်းကောင်း ပါးလိုက်တာ တွေ့ရဘာတယ် ။

အကယ်ဒမီ အသင်းမှ ခြေစွမ်းပြ ကစားနေတဲ့ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ဟူဂယ် ကို ယူနိုက်တက် အသင်းမှာ အခွင့်အရေး ပေးသွားမှာ ဖြစ်ကြောင်း အရိပ်အမြွက် ဖွင့်ဟသွားခဲ့ပါတယ်။

18 နှစ်အရွယ် သာရှိသေးတဲ့ အိုင်ဗရီကို့ကြယ်ပွင့် တိုက်စစ် ကစားသမား ထရာအိုရေး ကလည်း ညာတောင်ပံကစားသမား လိုအပ်နေတဲ့ ယူနိုက်တက်အသင် းမှာ နည်းပြဆိုးလ်ရှား အားကိုးလို့ရမယ့် ကစားသမား ဖြစ်လာနိုင်သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြဆိုးလ်ရှားကတော့ အိုင်ဗရီကို့ကြယ်ပွင့် တိုက်စစ် ကစားသမား ထရာအိုရေး ကို အင်္ဂလန်မှာ အခြေကျဖို့ အချိန်ပေးသွားမယ်လို့ ဆိုပါတယ်။ ယူ 23 အသင်းမှာ 11 ပွဲကစားပြီး 8 ဂိုးသွင်းကာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ဟူဂယ်လ်ကိုလည်း အခွင့်အရေးပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားက အိုင်ဗရီကို့ကြယ်ပွင့် တိုက်စစ် ကစားသမား ထရာအိုရေး ဒီမှာ အခြေကျဖို့ အချိန်ပေးသွားမှာပါ၊ သူ့စကေးတွေ ပြသဖို့နဲ့ တိုးတက်လာဖို့အပြင် အင်္ဂလန်မှာ ကျွန်တော်တို့ရဲ့ ကစားပုံ ကစားဟန်တွေနဲ့ အသားကျဖို့ အချိန်လိုအပ်ပါတယ်။

ဟူဂယ် သည် ကမ္ဘာ့ အဆင့်မှီ တိုက်စစ် ကစားသမား ( 1 ) ယောက် ဖြစ်လာမယ့် ကစားသမား ဖြစ်ဘာတယ် ၊ သူ့ရဲ့တိုးတက်မှုတွေကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။

ခ ရက် ဒစ်