Sports

ယူနိုက်တက် ပရိသတ်တွေအတွက် သတင်းကောင်းတွေရော ၊ သတင်းဆိုးတွေပါ ပေးလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ်မှာတော့ ပရီးမီးယားလိဂ် ရာသီပိတ် ပွဲအဖြစ် ဝုလ်ဗ် အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ကစားရဖို့ ရှိနေပြီး လေးရက်ခန့် အကြာမှာတော့ ဗီလာ ရီးယဲ အသင်းနဲ့ ယူရို ပါလိဂ် ဖိုင်နယ် ပွဲစဥ် ကစားသွားရဖို့ ရှိနေပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ဝုလ်ဗ် နဲ့ ရင်ဆိုင်ကစားရမယ့် ရာသီပိတ် ပွဲစဥ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အသင်းရဲ့ ပရိသတ်တွေ အတွက် ဒဏ်ရာ ပြသနာနဲ့ ပတ်သက်လို့ သတင်းကောင်းရော ၊ သတင်းဆိုးကိုပါ ပြောပြ သွားခဲ့လိုက်ပါတယ် ။ သတင်းကောင်းကတော့ အသင်းရဲ့ ကွင်းလယ်လူ နှစ်ဦး ဖြစ်ကြတဲ့ မက် တော်မီနေး နဲ့ ဖရက်ဒ် တို့ဟာ ယူရို ပါလိဂ် ဖိုင်နယ်ပွဲကို ကစားနိုင်ဖို့ မျှော်လင့်လို့ ရတဲ့ အနေအထားမှာ ရှိနေခြင်း ဖြစ်ပြီး သတင်းဆိုး ကတော့ ဗဟို ခံစစ်မှူး ဟယ်ရီ မက်ဂွားယားက ပါဝင်နိုင်​ခြေ နည်းပါး နေခြင်းပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာလည်း ဒီနှစ် အသင်းအတွက် ပါဝင် ကစားပေးနိုင်မှာ မဟုတ်ကြောင်း ဆိုးလ်ရှား က သတင်းစာ ရှင်းလင်းပွဲမှာ ပရိသတ်တွေဆီ ဆက်လက် ​သတင်းပေး သွားခဲ့လိုက် ပါတယ် ။ ” သူ (မက်ဂွားယား) လမ်းလျှောက် နေပါပြီ ။ ဒါပေမယ့် လမ်းလျှောက်တာကနေ ပြေးနိုင်ဖို့တော့ အဝေးကြီးလိုပါသေးတယ်လို့ ရိုးသားစွာ ပြောပါရစေ ။ သူ့ကို ဖိုင်နယ်မှာ တွေ့နိုင်မယ်လို့ မထင်ပါဘူး ။ ဒါပေမယ့် သူ့ကို အင်္ဂါ​နေ့ နောက်ဆုံး လေ့ကျင့်ရေး အစီအစဥ်အထိ ကျွန်တော်တို့ စောင့်ကြည့်သွားကြပါ့မယ် ”

” သူရဲ့ အနေအထားတွေကတော့ ဖြေးဖြေးမှန်မှန်လေး သေချာပေါက် တိုးတက်လာပါတယ် ။ ဒါပေမယ့် အရွတ် ဒဏ်ရာ ဆိုတာက ပြန်ကောင်းဖို့ အချိန်ပေးရလေ့ ရှိတတ်ပါတယ် ”

” သူဟာ ခေါင်းဆောင်ကောင်း တစ်ယောက်ပါ ။ သူဟာ ပရိသတ်တွေ မလာခင် ကတည်းက အရံခုံပေါ်မှာ ထိုင်နေခဲ့ပြီး အသင်းဖော်တွေကို လှုံ့ဆော်ပေးခဲ့တာ ခင်ဗျားတို့ တွေ့မြင်နိုင်ပါတယ် ။ သူဟာ ဖိုင်နယ်ပွဲကိုတော့ လိုက်ပါ ပါလိမ့်မယ် ။ သူဟာ အဝတ်လဲခန်း ထဲမှာ နေပြီး အားလုံး အဆင်သင့် ဖြစ်နေပြီလားဆိုတာ သေချာအောင် လုပ်ပါ လိမ့်မယ် ” လို့ ဆိုးလ်ရှားက ပြောရင်း မာတာရဲ့ စာချုပ်နဲ့ ပတ်သက်လို့….” ကျွန်တော်တို့ ဟွမ် (မာတာ) နဲ့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေခဲ့ပါတယ် ။ အဲ့တာကို ရာသီ အကုန် အထိ လုပ်ဆောင်သွားမှာပါ ။ သူဟာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမား တစ်ယောက်ပါ ။ သူ့ကို မကစားစေဖို့ ဆုံးဖြတ်ရတာ ခက်ခဲလှပါတယ် ။ ရာသီကုန်တဲ့ အခါ ဆုံးဖြတ်ချက် တစ်ခုချမှတ်ရပါလိမ့်မယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ပါတယ် ။

#Sports_Myanmar