Sports

ရီးရဲမက်ဒရစ်နှင့် ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရရှိသွားတဲ့ အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေသည် အသင်းပြောင်းရွှေ့ရန်အတွက် ရီးရဲမက်ဒရစ်နှင့် ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရသွားပြီဖြစ်ကြောင်း ထင်ရှားသော ဘောလုံးအေးဂျင့်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။ ရီးရဲမက်ဒရစ်သည် မိုနာကိုအသင်းတွင် စတင်ပါဝင်လာကတည်းက အမ်ဘာပေကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ တွင် ပီအက်စ်ဂျီသို့ မပြောင်းရွှေ့မီကတည်းက ၎င်းကိုခေါ်ယူရန် အပြင်းအထန် ကြိုးစားခဲ့သည်။

ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘာပေက အသင်းနှင့် စာချုပ်သက်တမ်းမတိုးခြင်း၊ ရော်နယ်ဒို ထွက်ခွာသွားပြီးနောက် တိုက်စစ်တွင် စူပါစတားတစ်ဦး အားဖြည့်ရန် လိုအပ်နေခြင်းကြောင့် ရီးရဲမက်ဒရစ်က ယခုတစ်ကြိမ်တွင် အမ်ဘာပေကို မဖြစ်မနေ ခေါ်ယူရန်
ကြိုးစားနေခြင်းဖြစ်သည်။

ပြင်သစ်လူမျိုး ထင်ရှားသည့် ဘောလုံးအေးဂျင့်ဖြစ်သူ ဘရူနိုဆာတင်က အသက် ၂၂ နှစ်အရွယ်ရှိ အမ်ဘာပေနှင့် သူ၏မိသားစုသည် ရီးရဲမက်ဒရစ်အသင်းနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အမ်ဘာပေ အသင်းပြောင်းမယ်လို့ ကျွန်တော် ယုံကြည်နေတယ်။ သူနဲ့သူ့မိသားစုက ရီးရဲနဲ့ သဘောတူညီမှု ရသွားပြီလို့ သတင်းရင်းမြစ်တွေက ကျွန်တော့်ကိုပြောပါတယ်”ဟု ဆာတင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ ရီးရဲမက်ဒရစ်အသင်းသည် အမ်ဘာပေနှင့် သဘောတူညီမှု ရရှိခဲ့သော်လည်း အသင်းပြောင်းရွှေ့မှု အကောင်အထည်ပေါ်ရန်အတွက် ပီအက်စ်ဂျီအသင်း တာဝန်ရှိသူများနှင့် ဆက်လက်ညှိနှိုင်းရဦးမည် ဖြစ် သည်။ ပီအက်စ်ဂျီအသင်းအနေဖြင့်လည်း လာမည့်နှစ်ဘောလုံးရာသီအကုန်တွင် အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ် ရမည့်အစား စာချုပ်သက်တမ်း မတိုးနိုင်ပါက ယခုနှစ်ဘောလုံးရာသီအကုန်တွင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ထုတ်ရောင်းသွားဖွယ်ရှိသည်။ကရက်ဒစ်