Celebrity

ခြေတုလိုအပ်နေတဲ့ ဘီးလင်းမြို့က ကလေးလေးအတွက် (၁၇) ယောက်မြောက် ခြေတု အလှူလေးကို ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ကောင်းမွန်ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ယနေ့တိုင် အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားရုံသာမကပဲ အများက လေးစားအချစ်ပိုနေရတဲ့ မင်းသမီးတစ်​ယောက်လည်း ဖြစ်ပါတယ်။ သူမက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။

ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့အပြင်  လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်းတတ်နိုင်သလောက် အမြဲဖေးမကူညီတတ်တဲ့ သူမကတော့ အခုလိုအချိန်မှာလည်း အားလုံးနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

အခုလည်း (၁၇) ယောက်မြောက် ခြေတု အလှုလေးကို ပြုလုပ်ခဲ့ပြန်ပါတယ်။ ဘီးလင်း မြို့နယ်မှာနေထိုင်ပြီး ခြေတု  လိုအပ်နေတဲ့  သားလေးကို လှူဒါန်းဖြစ်ခဲ့တယ်လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” (၁၇) ယောက်မြောက် ခြေတု အလှုလေးပါရှင်…ဘီးလင်းမြို့နယ် တောင်စွန်းကပါ…သားငယ်လေး လိုအပ်နေသော ခြေတု လေးကို တတ်နိုင်တဲ့ဘက်က လှုဒါန်းရသော ဖြည့်ဆည်း ကုသိုလ် တို့အား ခုနှစ်ရက် သားသမီး များ အားလုံး ထပ်တူ ကုသိုလ် ပွားများ သာဓု ခေါ်ဆို နိုင်ကြပါစေရှင်.” လို့ ဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း မေမေခိုင်နှင်းဝေလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – khine Hnin Wai