Sports

တောရက်စ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၅၀ ပေး၍ မန်ယူခေါ်မည်

မန်ယူအသင်းက ဗီလာရီးရဲနောက်ခံလူ ပေါတောရက်စ်၏ ကိုယ်စားလှယ်များကို အပြောင်းအရွှေ့နှင့် ပတ်သက်၍ တောရက်စ်၏ စာချုပ်ဖျက်သိမ်းကြေးအတိုင်း ပေါင်သန်း ၅၀ ပေးချေမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

မန်ယူသည် မေလ ၂၆ ရက်နေ့ ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် တောရက်စ်၏ ဗီလာရီးရဲအသင်းနှင့် ကစားရမည်ဖြစ်ရာ ၎င်း၏ခြေစွမ်းကို အနီးကပ် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ဆိုးရှားက မန်ယူပစ်မှတ်ထားနေသည့် နောက်ခံလူများအနက် တောရက်စ်သည် မက်ဂွိုင်းယားနှင့် တွဲဖက်အညီဆုံးဖြစ်မည်ဟု ယူဆနေသည်။

ဆိုးရှားသည် လက်ရှိ မန်ယူနောက်ခံလူများ ဖြစ်ကြသော လင်ဒီလော့ဖ်၊ ဘိုင်လီ၊ ဖီးဂျုန်းနှင့် တွန်ဇက်ဘီတို့ တစ်ဦးကိုမျှ စိတ်ကျေနပ်ခြင်းမရှိချေ။ မက်ဂွိုင်းယား၏ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပြီးခဲ့သည့်ပွဲအချို့တွင် မန်ယူခံစစ် ပြဿနာ ဖြစ်လာခဲ့သည်။ မက်ဂွိုင်းယား ပါဝင်နိုင်ခြင်းမရှိသော ၃ ပွဲတွင် မန်ယူသည် ၃ ပွဲစလုံး အနိုင်ရခြင်းမရှိခဲ့ချေ။ ထိုသုံးပွဲတွင် တွန်ဇက်ဘီ၊ ဘိုင်လီနှင့် လင်ဒီလော့ဖ်တို့ကို အလဲအလှယ်ဖြင့် သုံးစွဲခဲ့သော်လည်း လက်စတာ၊ လီဗာပူးတို့ကို ရှုံးနိမ့်ကာ ဖူဟမ်နှင့် သရေကျခဲ့သည်။

မန်ယူသည် ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်းတွင် ပေးဂိုး ၃၄ ဂိုးရှိပြီး အဆိုးဝါးဆုံးခံစစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မန်ယူသည် အသက် ၂၄ နှစ်အရွယ်ရှိ တောရက်စ်အပြင် ရီးရဲမှ ဗာရာနီနှင့် ဆီဗီလာမှ ကွန်ဒီတို့ကို စိတ်ဝင်စားနေသည်။ တောရက်စ်သည် ဗီလာရီးရဲ၏ အဓိကခံစစ်မှူးဖြစ်ပြီး  လာလီဂါတွင် ယခုနှစ်ဘောလုံးရာသီ၌ ၃၂ ပွဲ ပါဝင်ကစားထားသည်။

Credit – Inarr Journal