Sports

” ဗီလာရီးရဲနဲ့ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ ပေါ်တူဂီကြယ်ပွင့် ကွင်းလယ် ကစားသမား ဖာနန်ဒက် ကို အသင်းရဲ့ ကပ္ပတိန် လက်ပက်ကို ဝတ်ဆင်စေမယ်လို့ ဆိုးရှား ပြောကြား “

ဗီလာအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီယားလိဂ် ပွဲစဉ် 35 ပွဲစဉ်မှာ ပေါ်တူဂီကြယ်ပွင့် ကွင်းလယ် ကစားသမား ဖာနန်ဒက်ဆီကနေ ကျွန်တော်တို့လိုချင်တဲ့ ကပ္ပတိန် လက်ပက် နဲ့ ထိုက်တန်တဲ့ အပြုအမူကို တွေ့ရှိခဲ့ရတာ တွေ့ရဘာတယ် ။ ဒါ့အတွက်ကြောင့် ဗီလာရီးရဲနဲ့ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ ပေါ်တူဂီကြယ်ပွင့် ကွင်းလယ် ကစားသမား ဖာနန်ဒက် ကို အသင်းရဲ့ ကပ္ပတိန် လက်ပက်ကို ဝတ်ဆင်စေမယ်လို့ ဆိုးရှား ပြောကြား ခဲ့တာ တွေ့ရဘာတယ် ။

အင်္ဂလန်ကြယ်ပွင့် တိုက်စစ် ကစားသမား ရက်ဖို့ က ကွန်ဆာ နဲ့ ဘောလုံးသမားတွေရဲ့ ထုံးစံအတိုင်း အသေးစား ရန်ပွဲဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီကြယ်ပွင့် ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်က သူတို့ 2 ယောက် ကြားထဲကို အပြေးသွားရောက်ပြီး ခေါင်းဆောင်ပီသစွာ ပြုမူခဲ့တာ အားလုံးမှတ်မိကြမယ်ထင်ပါတယ်။

ပေါ်တူဂီကြယ်ပွင့် ကွင်းလယ် ကစားသမား ဖာနန်ဒက် သည် ယူနိုက်တက်ကို ရောက်ရှိလာပြီး ကတည်းက ယူနိုက်တက် အသင်းကို အကောင်းဆုံး မောင်းနင်နေတဲ့ ကစားသမား ဖြစ်ကာ အင်္ဂလန်ကြယ်ပွင့် နောက်တန်း ကစားသမား မက်ဂွာရား မပါတဲ့ ပွဲစဉ်တွေမှာ ကပ္ပတိန် လက်ပက် ကို ဝတ်ဆင်ပြီး ကစားထားတာ တွေ့ရပါတယ်။

အကောင်းဆုံး ကစားသမားတွေက အသင်းအားနည်းနေချိန်မှာ သူတို့ရဲ့ စွမ်းအင်တွေ အရည်အချင်းတွေနဲ့ အသင်းကို ကူညီကယ်ဆယ်ပေးလေ့ရှိပါတယ်။ ဖာနန်ဒက် မှာ အဆိုပါ စွမ်းဆောင်ရည်တွေ များစွာရှိပါတယ်။ အသင်းရဲ့ ကပ္ပတိန် လက်ပက် ပိုင်ရှင်တွေ က အခြားကစားသမားတွေ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ inspire ဖြစ်ပြီး အသင်းကို ညီညွတ်မှုတွေ ယူဆောင်လာပေးရပါမယ်။

ဖာနန်ဒက် က ဖိအားများပြားတဲ့ အခြေအနေတွေ အထူးသဖြင့် ပင်နယ်တီ မှာ အကောင်းဆုံး ဖြတ်ကျော်ကာ အသင်းသားတွေကို inspire ဖြစ်စေပါတယ်။

ဖာနန်ဒက် က သူကစားတဲ့ ပွဲစဉ်တွေကို နောက်တန်း ကစားသမားတွေကို ဖြတ်ကျော်ခြင်း ၊ မဖြစ်နိုင်တဲ့ အနေအထားကနေ အခွင့်အရေးတွေဖန်တီးခြင်းတို့ကို အကြိမ်များစွာ ပြုလုပ်ထားနိုင်တာ တွေ့ရပါတယ်။ဒါ့အပြင် အချက်အလက်တွေအရ သူက ယူနိုက်တက်ကစားသမားတွေထဲမှာ ပြိုင်ဘက်တွေကို ဖိအားပေးမှု အများဆုံးပြုလုပ်ထားပါတယ်။

နောက်ပြီး ဖာနန်ဒက် အနေနဲ့ သွင်းဂိုးလိုအပ်နေတဲ့ အသင်းဖော်တွေကို တစ်ကိုယ်ကောင်းမဆန်ပဲ ဖန်တီးပေးပို့မှုတွေ ပြုလုပ်ခဲ့တာတောင် ဒီရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ပါဝင်ပတ်သက်မှု ( 45 ) ကြိမ်ထိ ပြုလုပ်ထားနိုင်တာတွေ့ရပါတယ်။

ဖာနန်ဒက် က ယူနိုက်တက်ရဲ့ အကောင်းဆုံးအသင်း ကပ္ပတိန် လက်ပက် တွေ ဖြစ်တဲ့ ကိန်း နှင့် ကန်တိုနာတို့ ပေါင်းစပ်ထားသလား ထင်မှတ်ရပါတယ်။ ကန်တိုနာရဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် ကိန်းရဲ့ စိတ်အားထက်သန်မှုတွေကို ဖာနန်ဒက် ဆီမှာ တွေ့မြင်နေရပါတယ်။

Unicode









ခ ရက် ဒစ်