Sports

သူ့အကြိုက် နာပိုလီကြယ်ပွင့် ကို အရခေါ်ယူပေးဖို့ ယူနိုက်တက် ကို အချက်ပြလိုက်တဲ့ ဘရူနိုဖာနန်ဒက်

နာပိုလီ ကွင်းလယ်လူကို အရခေါ်ယူပေးဖို့ ယူနိုက်တက် ကို အချက်ပြလိုက်တဲ့ ဘရူနိုဖာနန်ဒက်

ဘရူနိုဖာနန်ဒက်စ်ဟာအနာဂတ်တွင်ပြန်လည်တွဲကစားလိုတဲ့ထိပ်တန်းအလယ်တန်းကစားသမားအဖြစ် နာပိုလီစတားပီယော့ဇီလင်းစကီးကိုရွေးချယ်လိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ၂၀၂၀ခုနှစ်တွင်စပို့တင်းလစ္စဘွန်းမှပြောင်းရွှေ့ရောက်လာပြီးနောက်မန်ယူတွင်အရေးပါတဲ့အလယ်တန်းတိုက်စစ်သမားအဖြစ်ကစားခွင့်ရရှိနေသူလည်းဖြစ်ပါတယ်။သူဟာပေါ့ဘာ၊စကော့မက်တိုမီနေး၊ဖရက်တို့နှင့်ပုံမှန်ပွဲထွက်ကစားခွင့်ရရှိနေသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာအနာဂတ်တွင်အူဒီးနီးစ်တွင်အတူတွဲကစားခဲ့တဲ့ဇီလင်းစကီးနဲ့ပြန်လည်တွဲကစားလိုကြောင်းလူသိရှင်ကြားဖွင့်ဟလာခဲ့ပါတယ်။

အသက်၂၆နှစ်ရှိဖာနန်ဒက်စ်က “နည်းစနစ်ပိုင်းမှာဆိုရင်ဇီလင်းစကီးကကျွန်တော့်ထက်တောင်ပိုကောင်းသေးတယ်။ကျွန်တော်တို့ဟာကောင်းမွန်တဲ့စိန်ခေါ်မှုတစ်ခုကြုံခဲ့ကြပါတယ်။ဇီလင်းစကီးက နည်းနည်းတော့ရှက်တတ်တဲ့သူပါ။ပြီးတော့သူကလည်းကျွန်တော့်လိုဘဲအရမ်းငယ်သေးတယ်။ကျွန်တော်တို့ဟာကွဲပြားတဲ့နိုင်ငံ၊ကွဲပြားတဲ့စိတ်ဓာတ်နဲ့ရောက်လာကြတဲ့သူတွေပါ။ကျွန်တော်တို့နှစ်ဦးအကြားမှာကွဲပြားမှုရှိပါတယ်။ပီယော့နဲ့ကျွန်တော့်အကြားအရမ်းကိုကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။သူကလူတော်တစ်ဦးပါ။သူ့ကိုအရမ်းကြိုက်တယ်။သူကကျွန်တော်အီတလီမှာနေတုန်းကအမြဲတမ်းထိတွေ့နေတဲ့သူတွေထဲကတစ်ဦးပါ။လွန်ခဲ့တဲ့လအနည်းငယ်တုန်းကသူနဲ့စကားပြောဖြစ်တယ်။တစ်နေ့ကျရင်ပြန်တွဲကစားချင်တယ်လို့ပြောခဲ့တယ်။ကျွန်တော်တို့အတွက်အနာဂတ်ကဘာတွေစောင့်ဆိုင်းနေတယ်ဆိုတာဘယ်သူမှသိမှာမဟုတ်ပါဘူး။ကျွန်တော့်အတွက်ကတော့သူကတကယ့်ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ပိုလန်လက်ရွေးစင်အလယ်တန်းကစားသမားဇီလင်းစကီးဟာယခုရာသီမှာနာပိုလီအတွက်၈ဂိုးသွင်းပြီး၁၁ကြိမ်ဖန်တီးကာချန်ပီယံလိဂ်ဝင်ခွင့်အတွက်တိုက်ပွဲဝင်နိုင်အောင်ကူညီထားပါတယ်။
Credit