Sports

“ဘာစီလိုနာအသင်းက ကျွန်တော့်ကို တန်ဖိုးမထားခဲ့ဘူး။ အသက်လက်တီကိုကတော့ ကျွန်တော့်အတွက် တံခါးဖွင့်ထားပေးခဲ့တယ် ဆိုတဲ့ လူးဝစ်ဆွာရက်

“ဘာစီလိုနာအသင်းက ကျွန်တော့်ကို တန်ဖိုးမထားခဲ့ဘူး။ အသက်လက်တီကိုကတော့ ကျွန်တော့်အတွက် တံခါးဖွင့်ထားပေးခဲ့တယ်။ အခုလို ကျွန်တော့်ကို ယုံကြည်မှုရှိခဲ့တဲ့ ဒီကလပ်အသင်းကို ကျွန်တော်အမြဲတမ်း ကျေးဇူးတင်ရှိသွားမှာပါ” (လူးဝစ်ဆွာရက်ဇ်)

ယခုနှစ် ဘောလုံးရာသီ အစမှာ အသက်ကြီးနေပြီ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘာစီလိုနာအသင်း ကနေ အက်သလက်တီကို မက်ဒရစ်အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရတဲ့ ဆွာရက်ဇ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်း နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၂ပွဲစလုံးမှာ အသင်းအတွက် အနိုင်ဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပြီး အက်သလက်တီကို မက်ဒရစ်အသင်းကို ၂၀၁၃- ၂၀၁၄ခုနှစ် နောက်ပိုင်း ပထမဦးဆုံးအကြိမ် အဖြစ် လာလီဂါချန်ပီယံဆုကို ပြန်လည် ရရှိအောင် ကြိုးစားပေးနိုင်ခဲ့ပါတယ်။

ဆွာရက်ဇ်၏ လာလီဂါစွမ်းဆောင်ရည်

ကစားသည့်ပွဲ (👕) – ၃၂ ပွဲ သွင်းဂိုး (⚽) – ၂၁ ဂိုး
ဂိုးဖန်တီးမှု (🅰️) – ၃ ကြိမ်

#MYSPORTMYANMA