Local News

စျေးချိုတွင် ​​စျေးဆိုင်ဖွင့်လှစ်မ​ရောင်းလျှင် ဆိုင်ခန်းသိမ်းမည်ဟု ​စစ်​​ကောင်စီ ကြေညာ

စျေးချိုတွင် ​​စျေးဆိုင်ဖွင့်လှစ်မ​ရောင်းလျှင် ဆိုင်ခန်းသိမ်းမည်ဟု ​စစ်​​ကောင်စီ ခြိမ်း​​ခြောက်

မန်း​လေး၊ ​စျေးချိုတွင် ​စျေးဆိုင်များ ပြန်လည်ဖွင့်လှစ်​ရောင်းချမှုမရှိလျှင် ဆိုင်ခန်းများ ပြန်လည်သိမ်းဆည်းမည်ဟု စစ်​ကောင်စီလက်ပါး​စေ မန်းစည်ပင် ​ကြော်ငြာဆိုင်းဘုတ်ကပ်ထား​ကြောင်းသိရှိရသည်။

“မ​နေ့က မနက် အဲဒါကို စည်ပင်က ကပ်တယ်။ အခုက ဆိုင်ဖွင့်လည်း မလုံခြုံဘူး။ ဝယ်သူလည်းမရှိနိုင်သလို စရဘယ်အချိန် စစ်သား​တွေ လာလုမလဲ စိုးရိမ်​နေရတယ်။ သူတို့ကိုပဲ​ကြောက်​နေရတာ။ အခုလို​ကြေညာလည်း ဆိုင်ပြန်မဖွင့်​တော့ဘူး”ဟု ​စျေးချိုမှ ဆိုင်ပိုင်ရှင်တစ်ဦးက​ပြောသည်။

​မေလ ၂၄ ရက်​နေ့ ​နောက်ဆုံးထား ဆိုင်မဖွင့်လျှင် ဆိုင်ခန်းသိမ်းမည်ဟု ဆိုထားရာ ဆိုင်ပိုင်ရှင်အများစုက ပြန်လည်ဖွင့်လှစ်ရန် မရှိ​ကြောင်းသိရှိရသည်။ကရက်ဒစ်