Sports

ပရီးမီးယားအသင်းကြီးတစ်သင်းထံ ရောက်လာဖွယ်ရှိတဲ့ ဂရိဇ်မန်း

ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဂရိဇ်မန်းကို စပိန်ကလပ် ဘာစီလိုနာမှ ခေါ်ယူရေးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ဖြင့် လီဗာဗူးအသင်းမှ ကမ်းလှမ်းသွားမည်ဖြစ်သည်။

ဘာစီလိုနာအသင်းသည် ငွေကြေးပြဿနာများဖြင့် ရင်ဆိုင်နေရပြီး ထိုပြဿနာများကို ဖြေရှင်းရေးအတွက် အသင်း၏ ကစားသမားများကို လစာလျှော့ယူရန် စာချုပ်များ ပြန်လည်ပြင်ဆင်ချုပ်ဆိုရေး ကြိုးစားနေသလို အဓိက ကစားသမားအချို့ကိုလည်း ရောင်းချရမည်ဖြစ်သည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က အက်သလက်တီကိုမက်ဒရစ်မှ ပြောင်းရွှေ့လာခဲ့သော ဂရိဇ်မန်းသည် မျှော်လင့်သလို ခြေစွမ်းမပြနိုင်ခြင်းကြောင့် ဘာစီလိုနာက ရောင်းထုတ်လိုနေ‌သော ကစားသမားတစ်ဦးဖြစ်သည်။

လီဗာပူးအသင်းမန်နေဂျာ ကလော့ပ်သည် ဂရိဇ်မန်းကို များစွာနှစ်သက်သူဖြစ်ပြီး အခွင့်အရေးရပါက ၎င်းကို အန်ဖီးအရောက် ခေါ်ယူလိုသည်။

လီဗာပူးအသင်းသည် တိုက်စစ်ကို အင်အားဖြည့်ရန် အစီအစဉ်ရှိပြီး ဂရိဇ်မန်းကဲ့သို့ ကစားသမားမျိုးကို ခေါ်ယူရေးအတွက် လာမည့်နွေရာသီတွင် ယူရိုသန်း ၅၀ အသုံးပြု၍ ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း လီဗာပူးသတင်းများ အဓိကဖော်ပြသည့် အင်္ဂလန်ရှိ မီဒီယာတစ်ခုက ဖော်ပြခဲ့ခြင်းဖြစ်သည်။ကရက်ဒစ်