Sports

မာတီရယ်ကိုရောင်းပြီး ဟယ်ရီကိန်းကို ကမ်းလှမ်းရန် မန်ယူပြင်ဆင်

မန်ယူအသင်းသည် ဟယ်ရီကိန်းကို ခေါ်ယူရေးအတွက် ကြီးမားသည့် ကမ်းလှမ်းမှုတစ်ခုကို ပြင်ဆင်နေသည်။ ဟယ်ရီကိန်းအနေဖြင့် စပါးစ်အသင်းသို့ တရားဝင်ပြောင်းရွှေ့ခွင့် တင်သွင်းခဲ့ပါက လက်လွှတ်ရမည့် ဆုကြေးငွေပမာဏကိုလည်း မန်ယူအသင်းက ပြန်ပေးရန် အဆိုပါကမ်းလှမ်းမှုတွင် ထည့်သွင်းစီစဉ်နေသည်။

ဟယ်ရီကိန်းက စပါးစ်အသင်းမှ ယခုနှစ်နွေရာသီတွင် စွန့်ခွာရန် ပြောဆိုခဲ့ပြီးနောက် ဥရောပကလပ်အသင်းကြီး အားလုံးလိုလို လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။ မန်စီးတီးအသင်းသည် ဟယ်ရီကိန်း၏ အဓိကဦးတည်ရာ ဖြစ်နိုင်ကြောင်း ရေပန်းစားနေခဲ့သော်လည်း မန်ယူသည် ဟယ်ရီကိန်းကို ခေါ်ယူ‌ရေး ကမ်းလှမ်းမှုတစ်ခုကို အရင်ဆုံး ချပြနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း အင်္ဂလန်ထုတ် တိုင်းမ်သတင်းစာက
ဖော်ပြသည်။

ဟယ်ရီကိန်းသည် အသင်းမှ ထွက်ခွာလိုသည်ဟု တရားဝင် ထုတ်မပြောမီကပင် အသင်းပြောင်းရန် ဆန္ဒရှိနေသည်ဟု မန်ယူက သိရှိထားသည်။ မန်ယူသည် ကာဗာနီကို သက်တမ်းတိုးထားသောကြောင့် နောက်ထပ်တိုက်စစ်မြားဦး ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူတော့မည်မဟုတ်ဟုဆိုသော ထင်ကြေးပေးသတင်းများမှာ မှားယွင်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ww

ဆိုးရှားသည် အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးကို များစွာခေါ်ယူလိုနေခြင်းကြောင့် အသင်းပြောင်းရွှေ့ရေးအတွက် တရားဝင် တောင်းဆိုလွှာ တင်သွင်းခဲ့ရပါက ဟယ်ရီကိန်း အပိုဆုကြေးငွေများ နစ်နာခဲ့လျှင် မန်ယူက ပြန်ပေးရန် အဆင်သင့်ရှိသည်ဟု ကမ်းလှမ်းရန်
ပြင်ဆင် လာခြင်းဖြစ်သည်။ လက်ရှိဘောလုံးရာသီတွင် မန်ယူသည် ဇယားထိပ်ဆုံး၌ ကာလတစ်ခုကြာ ရပ်တည်နိုင်ခဲ့သော်လည်း မမျှော်လင့်သည့်ပွဲများတွင် အမှတ်ဆုံးရှုံးမှုများ ရှိခြင်းကြောင့် ပရီးမီးယားလိဂ် ပြေးလမ်းတွင် နောက်ကျကျန်ခဲ့ခြင်းဖြစ်သည်။ မန်စီးတီးကို ကျော်တက်ရန်အတွက် ကိန်းကဲ့သို့ ထိပ်တန်းကစားသမားမျိုးကို ခေါ်ယူမှုပြုမှသာလျှင် ဖြစ်လာမည်ဟု ဆိုးရှားက ယုံကြည်သည်။ ကစားသမားသစ် နှစ်ဦး၊ သုံးဦးခန့် ခေါ်ယူမှသာလျှင် မန်စီးတီးကို လိုက်မီနိုင်မည်ဟု ယခုသီတင်းပတ်အစပိုင်းတွင် ဆိုးရှားက ပြောဆိုခဲ့သည်။

ဆိုးရှားသည် ပြင်သစ်တိုက်စစ်မှူး မာတီရယ်ကို ရောင်းထုတ်ပြီး ကိန်းကိုခေါ်ယူရေးအတွက် ငွေကြေးမတည်ရန်နှင့် လစာငွေလျှော့ချရန် စီစဉ်နေသည်။ ပြင်သစ်တိုက်စစ်မှူး မာတီရယ်သည် ယခုနှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ၂၂ ပွဲ၌ ၄ ဂိုးသာ သွင်းထားနိုင်သည်။ကရက်ဒစ်