မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေတောင်းဆို

မြန်မာစစ်တပ်ကို လက်နက်မရောင်းချဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေက ကမ္ဘာ့နိုင်ငံတွေကို ပန်ကြားလိုက်ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းရဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ ခရီးစဉ်မှာ သောကြာနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက်မှုတွေကို ၂ နိုင်ငံစလုံးက ပြတ်ပြတ်သားသား ရှုတ်ချကြောင်း ပြောကြားလိုက်တဲ့အပြင် ဒီအကြမ်းဖက်နေမှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်ပြီး လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ပြီး လျှောက်လှမ်းလာစေဖို့တွေ အတွက် နှစ်ဖက်စလုံးက ဆက်လက်ဖိအားပေးဖို့ သန္နိဋ္ဌာန်ချထားကြကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ တောင်ကိုရီးယားနည်းတူ မြန်မာနိုင်ငံသားတွေကို ခိုလှုံစရာ နေရာနဲ့ အကာကွယ်ပေးကြဖို့နဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကို လက်နက်ရောင်းချမှု တားဆီးကြဖို့လည်း ကမ္ဘာ့နိုင်ငံအားလုံးကို တောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာချက်ထုတ်ပြန်ပြီး မြန်မာစစ်တပ် အာဏာသိမ်းထားတာကို ချက်ချင်းစွန့်လွှတ်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့နဲ့ အရပ်သားတွေအပေါ် မကြမ်းမဖက်ဖို့ တောင်းဆိုခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တညီတညွတ်တည်း ပူးပေါင်းဖိအားပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

(Unicode)

မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေ တိုက်တွန်း

မြန်မာစစ်တပ်ကို လက်နက်မရောင်းချဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေက ကမ္ဘာ့နိုင်ငံတွေကို ပန်ကြားလိုက်ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းရဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ ခရီးစဉ်မှာ သောကြာနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက်မှုတွေကို ၂ နိုင်ငံစလုံးက ပြတ်ပြတ်သားသား ရှုတ်ချကြောင်း ပြောကြားလိုက်တဲ့အပြင် ဒီအကြမ်းဖက်နေမှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်ပြီး လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ပြီး လျှောက်လှမ်းလာစေဖို့တွေ အတွက် နှစ်ဖက်စလုံးက ဆက်လက်ဖိအားပေးဖို့ သန္နိဋ္ဌာန်ချထားကြကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ တောင်ကိုရီးယားနည်းတူ မြန်မာနိုင်ငံသားတွေကို ခိုလှုံစရာ နေရာနဲ့ အကာကွယ်ပေးကြဖို့နဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကို လက်နက်ရောင်းချမှု တားဆီးကြဖို့လည်း ကမ္ဘာ့နိုင်ငံအားလုံးကို တောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာချက်ထုတ်ပြန်ပြီး မြန်မာစစ်တပ် အာဏာသိမ်းထားတာကို ချက်ချင်းစွန့်လွှတ်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့နဲ့ အရပ်သားတွေအပေါ် မကြမ်းမဖက်ဖို့ တောင်းဆိုခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တညီတညွတ်တည်း ပူးပေါင်းဖိအားပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ကရက်ဒစ်