Sports

လက်ရှိ ဘောလုံးကစားနေတဲ့ ကစားသမားတွေအနက် ကိုင်တွယ်နည်းပြချင်တဲ့ ပြိုင်ဖက်ကစားသမား သုံးဦးအမည်ကို ထုတ်ပြောလိုက်တဲ့ ဖာဂူဆန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နည်းပြဟောင်း ဖြစ်သူ ဆာ အဲလက်စ် ဖာဂူဆန်ဟာ အိုးလ် ထရပ်ဖို့ဒ်မှာ ရှိနေခဲ့စဥ်တုန်းက ဆုဖလား အောင်မြင်မှု များစွာ ရယူနိုင်တဲ့ ရက်စွဲတွေ ပိုင်ဆိုင်ခဲ့ပါတယ် ။ သူဟာ ယူနိုက်တက်နဲ့ အတူ အမှတ်ပေးဖလား ၁၃ ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၂ ကြိမ် နဲ့ FA ဖလား ၅ ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ၂၀၁၃ ခုနှစ်မှာ သူဟာ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် နည်းပြလောကမှ အနားယူ ဖြစ်ခဲ့ ပါတယ် ။ သူမရှိတဲ့နောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းးဟာ အမှတ်ပေး ဖလားကို ဆွတ်ခူး နိုင်စွမ်း မရှိပဲ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းက အဲ့ဒီနောက် ၄ ကြိမ် အထိ ဆွတ်ခူးထားနိုင်ခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား ရဲ့ လက်အောက်မှာ တစ်စထက်တစ်စ တိုးတက် ကောင်းမွန် လာခဲ့ ပါတယ် ။ ဒီရာသီမှာ ယူနိုက်တက်တို့ အမှတ်ပေး ဇယား အဆင့် ၂ နေရာမှာ ရာသီ ပိတ်သိမ်း နိုင်ခဲ့ သလို ယူရို ပါလိဂ် ဖိုင်နယ် မှာလည်း ဗီလာ ရီးယဲ အသင်း နဲ့ ကစား ရဖို့ ရှိနေပါတယ် ။

အခုတော့ ယူရို ပါလိဂ် ဖိုင်နယ် မတိုင်မီ ဆာ အဲလက်စ် ဖာဂူဆန်ဟာ တပည့်ဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် နဲ့ သူ့ရဲ့ နည်းပြ ဘဝ အကြောင်း ၊ နှစ်သက်တဲ့ ကစားသမားတွေ အကြောင်းနဲ့ အခြား အကြောင်းအရာ တွေကို အမေးခံ ခဲ့ရ ပါတယ် ။ အဲ့ဒီထဲမှာတော့ လက်ရှိ ဘောလုံး ကစား နေကြတဲ့ ကစားသမားတွေအနက် ဘယ်သူတွေကို ကိုင်တွယ် နည်းပြလိုသလဲ ဆိုတဲ့ အကြောင်း အမေးခံရတဲ့ အခါမှာတော့…

” ဟယ်ရီကိန်းလို့ တွေးထားပါတယ် ။ ဒယ်လီ အလီဟာ ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တွေးမိပါတယ် ။ ကျွန်တော် ဝန်ခံပါရစေ ၊ အဲ့ဒီမှာ ဘာတွေ ဖြစ်ပျက်နေခဲ့သလဲ ဆိုတာကို ကျွန်တော်လည်း မသိပါဘူး “

” ပြီးတော့ နောက်တစ်ယောက်က ဟိုကောင်လေး ဆွန်ဟောင်မင်ပေါ့ ။ သူတို့တွေက တော်လွန်းတဲ့ ကစားသမားတွေ ပါပဲ ” လို့ ဆာ အဲလက်စ် ဖာဂူဆန်က တပည့်ဟောင်းကို ပြန်လည် ဖြေကြား သွားခဲ့လိုက် ပါတယ် ။

ဟယ်ရီကိန်း ကတော့ လက်ရှိ ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေခဲ့ပြီး ပြိုင်ပွဲစုံ ကိုယ်တိုင် ၃၂ ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့သလို ၁၆ ကြိမ် အထိလည်း ဂိုးဖန်တီး ထားနိုင်ခဲ့ ပါတယ် ။

အခြား တစ်ဖက်မှာတော့ အင်္ဂလန်သားရဲ့ အသင်းဖော် ဖြစ်တဲ့ ဆွန်ဟောင်မင်းဟာ ပြိုင်ပွဲစုံ ၂၂ ဂိုးထိ သွင်းယူ ထားနိုင်ခဲ့ပြီး ၁၇ ကြိမ် အထိ ဂိုးဖန်တီး ထားနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင် ထားနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ဖာဂူဆန် က မန်စီးတီး တိုက်စစ်မှူး အဂူရို ကိုလည်း ဆက်လက် အမွှမ်းတင် သွားခဲ့လိုက်ပါတယ် ။

” ဆာဂျီယို အဂူရိုဟာ တစ်ကယ့်ကို ကြောက်မက်ဖွယ် ကောင်းတဲ့ ကစားသမား တစ်ဦးပါ ။ အဲ့တာနဲ့ ပတ်သက်လို့ သံသယ ဖြစ်စရာ အကြောင်း မရှိပါဘူး ။ သူရဲ့ သွင်းဂိုး အရည်အတွက် တွေက ထူးကဲလွန်းပါတယ် ” လို့ ဖာဂူဆန် က ချီးမွမ်း သွားခဲ့လိုက် ပါတယ် ။#Sports_Myanmar

Unicode

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ ဂႏၲဝင္ နည္းျပေဟာင္း ျဖစ္သူ ဆာ အဲလက္စ္ ဖာဂူဆန္ဟာ အိုးလ္ ထရပ္ဖို႔ဒ္မွာ ရွိေနခဲ့စဥ္တုန္းက ဆုဖလား ေအာင္ျမင္မႈ မ်ားစြာ ရယူႏိုင္တဲ့ ရက္စြဲေတြ ပိုင္ဆိုင္ခဲ့ပါတယ္ ။ သူဟာ ယူႏိုက္တက္နဲ႔ အတူ အမွတ္ေပးဖလား ၁၃ ႀကိမ္ ၊ ခ်န္ပီယံလိဂ္ ဖလား ၂ ႀကိမ္ နဲ႔ FA ဖလား ၅ ႀကိမ္အထိ ဆြတ္ခူးထားႏိုင္ခဲ့ပါတယ္ ။

အဲ့ဒီေနာက္ ၂၀၁၃ ခုႏွစ္မွာ သူဟာ ကိုယ္ေရးကိုယ္တာ ကိစၥေၾကာင့္ နည္းျပေလာကမွ အနားယူ ျဖစ္ခဲ့ ပါတယ္ ။ သူမရွိတဲ့ေနာက္မွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းးဟာ အမွတ္ေပး ဖလားကို ဆြတ္ခူး ႏိုင္စြမ္း မရွိပဲ ၿမိဳ႕ခံ ၿပိဳင္ဖက္ မန္စီးတီး အသင္းက အဲ့ဒီေနာက္ ၄ ႀကိမ္ အထိ ဆြတ္ခူးထားႏိုင္ခဲ့ ပါတယ္ ။

အျခား တစ္ဖက္ မွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ လက္ရွိ နည္းျပ အိုလီ ဂန္နား ဆိုးလ္ရွား ရဲ႕ လက္ေအာက္မွာ တစ္စထက္တစ္စ တိုးတက္ ေကာင္းမြန္ လာခဲ့ ပါတယ္ ။ ဒီရာသီမွာ ယူႏိုက္တက္တို႔ အမွတ္ေပး ဇယား အဆင့္ ၂ ေနရာမွာ ရာသီ ပိတ္သိမ္း ႏိုင္ခဲ့ သလို ယူ႐ို ပါလိဂ္ ဖိုင္နယ္ မွာလည္း ဗီလာ ရီးယဲ အသင္း နဲ႔ ကစား ရဖို႔ ရွိေနပါတယ္ ။

အခုေတာ့ ယူ႐ို ပါလိဂ္ ဖိုင္နယ္ မတိုင္မီ ဆာ အဲလက္စ္ ဖာဂူဆန္ဟာ တပည့္ေဟာင္း ျဖစ္သူ ဂယ္ရီ နဗီးလ္ နဲ႔ သူ႔ရဲ႕ နည္းျပ ဘဝ အေၾကာင္း ၊ ႏွစ္သက္တဲ့ ကစားသမားေတြ အေၾကာင္းနဲ႔ အျခား အေၾကာင္းအရာ ေတြကို အေမးခံ ခဲ့ရ ပါတယ္ ။ အဲ့ဒီထဲမွာေတာ့ လက္ရွိ ေဘာလုံး ကစား ေနၾကတဲ့ ကစားသမားေတြအနက္ ဘယ္သူေတြကို ကိုင္တြယ္ နည္းျပလိုသလဲ ဆိုတဲ့ အေၾကာင္း အေမးခံရတဲ့ အခါမွာေတာ့…

” ဟယ္ရီကိန္းလို႔ ေတြးထားပါတယ္ ။ ဒယ္လီ အလီဟာ ထိပ္တန္း ကစားသမား တစ္ေယာက္ ျဖစ္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ ေတြးမိပါတယ္ ။ ကြၽန္ေတာ္ ဝန္ခံပါရေစ ၊ အဲ့ဒီမွာ ဘာေတြ ျဖစ္ပ်က္ေနခဲ့သလဲ ဆိုတာကို ကြၽန္ေတာ္လည္း မသိပါဘူး “

” ၿပီးေတာ့ ေနာက္တစ္ေယာက္က ဟိုေကာင္ေလး ဆြန္ေဟာင္မင္ေပါ့ ။ သူတို႔ေတြက ေတာ္လြန္းတဲ့ ကစားသမားေတြ ပါပဲ ” လို႔ ဆာ အဲလက္စ္ ဖာဂူဆန္က တပည့္ေဟာင္းကို ျပန္လည္ ေျဖၾကား သြားခဲ့လိုက္ ပါတယ္ ။

ဟယ္ရီကိန္း ကေတာ့ လက္ရွိ ေဘာလုံး ရာသီမွာ ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္း အမ်ားဆုံး ကစားသမား ျဖစ္ေနခဲ့ၿပီး ၿပိဳင္ပြဲစုံ ကိုယ္တိုင္ ၃၂ ဂိုး အထိ သြင္းယူ ထားႏိုင္ခဲ့သလို ၁၆ ႀကိမ္ အထိလည္း ဂိုးဖန္တီး ထားႏိုင္ခဲ့ ပါတယ္ ။

အျခား တစ္ဖက္မွာေတာ့ အဂၤလန္သားရဲ႕ အသင္းေဖာ္ ျဖစ္တဲ့ ဆြန္ေဟာင္မင္းဟာ ၿပိဳင္ပြဲစုံ ၂၂ ဂိုးထိ သြင္းယူ ထားႏိုင္ခဲ့ၿပီး ၁၇ ႀကိမ္ အထိ ဂိုးဖန္တီး ထားႏိုင္ခဲ့ၿပီး ေကာင္းမြန္တဲ့ ေဘာလုံး ရာသီ တစ္ခုကို ပိုင္ဆိုင္ ထားႏိုင္ခဲ့ ပါတယ္ ။ ဒါ့အျပင္ ဖာဂူဆန္ က မန္စီးတီး တိုက္စစ္မႉး အဂူ႐ို ကိုလည္း ဆက္လက္ အမႊမ္းတင္ သြားခဲ့လိုက္ပါတယ္ ။

” ဆာဂ်ီယို အဂူ႐ိုဟာ တစ္ကယ့္ကို ေၾကာက္မက္ဖြယ္ ေကာင္းတဲ့ ကစားသမား တစ္ဦးပါ ။ အဲ့တာနဲ႔ ပတ္သက္လို႔ သံသယ ျဖစ္စရာ အေၾကာင္း မရွိပါဘူး ။ သူရဲ႕ သြင္းဂိုး အရည္အတြက္ ေတြက ထူးကဲလြန္းပါတယ္ ” လို႔ ဖာဂူဆန္ က ခ်ီးမြမ္း သြားခဲ့လိုက္ ပါတယ္ ။#Sports_Myanmar