Sports

ကွယ်လွန်သွားတဲ့ မိခင်ကြီးကို ရည်စူးပြီး အောင်ပွဲခံခဲ့တဲ့အကြောင်း ပြောပြလာတဲ့ ဟွမ်မာတာ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဟွမ်မာတာဟာ ဝုဗ်နဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက် ဒရမ်မာဆန်တဲ့ အောင်ပွဲခံမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအောင်ပွံခံပုံနှင့် ပတ်သက်ပြီး ပွဲစဉ်အပြီးမှာ မေးမြန်းခဲ့ရာမှာတော့ သူ့ရဲ့ မိခင်ဖြစ်သူအတွက် ဂိုးသွင်းယူပေးချင်ခဲ့လို့ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

မာတာရဲ့ မိခင် မာသာဟာ ဒီနှစ်အစောပိုင်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ မာတာဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဝုဗ်အသင်းကို ဂိုးသွင်းယူခဲ့ပြီးနောက် ကောင်းကင်ကိုမော့ကြည့်ပြီး အနမ်းပေးကာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဝုဗ်အသင်းကို (၂-၁)ဖြင့် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဟွမ်မာတာဟာ သရဲနီတို့အတွက် အနိုင်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာ သူ့ရဲ့ ခံစားချက်အပြည့်နဲ့အောင်ပွဲခံပုံအကြောင်းကို မေးမြန်းခဲ့ရာမှာတော့ ” ကျွန်တော်ဟာ ဘဝမှာ အခက်ခဲဆုံး ရာသီတစ်ခုကို ဖြတ်သန်းနေခဲ့ရပါတယ်။”လို့ အစချီကာ MUTVမှာ ရှင်းပြသွားခဲ့ပါတယ်။

“ကျွန်တော်က ကျွန်တော့်ရဲ့ မိခင်အတွက် ဂိုးတွေသွင်းယူပေးချင်နေခဲ့တာပါ။ ဒီနေ့မှာတော့ ကံကောင်း​ထောက်မစွာပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးတော့ ဒီဂိုးအပါအဝင် လက်ရှိအချိန်ကနေစပြီး ကျွန်တော်သွင်းယူမယ့် သွင်းဂိုးတိုင်းဟာ သူမအတွက် ဖြစ်ပါတယ်။ “လို့ ပြောပြသွားခဲ့ပါတယ်။

မာတာက လက်ရှိပရီးမီးယားလိဂ်ရာသီမှာ ပွဲထွက်ကစားခွင့် အနည်းငယ်သာ ရရှိထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာတော့ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ယူနိုက်တက်တို့အတွက် အနိုင်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

သူဟာ ဂိုးသွင်းယူပြီးနောက် ကောင်းကင်ကိုမော့ကြည့်ကာ အနမ်းပေးပြီး သူ့ရဲ့မိခင်အတွက် အောင်ပွံခံသွားခဲ့ပါတယ်။ သူ့ရဲ့မိခင်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

အသင်းမှာ မာတာရဲ့ အနာဂတ်က မသေချာ မရေရာရှိနေပေမယ့် မာတာကတော့ အိုးထရန့်ဖို့မှာ ဆက်ပြီး ကစားလိုနေပါသေးတယ်။

#CrusterNine