Sports

” ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဗီလာရီးရဲ အသင်းကို အနိုင်ကစားခဲ့ရင် ယူနိုက်တက်ကစားသမားတွေ 4 သန်းရရှိမယ်လို့ သိရ “

လာမယ့်ဗုဒ္ဓဟူးနေ့ကျရင် ဗီလာရီးရဲ့ အသင်း နဲ့ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ယူနိုက်တက် အသင်းက နိုင်ပွဲရယူနိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက် ကစားသမားတွေ သည် ဆုကြေးငွေ 4 သန်းရရှိမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်း သည် နည်းပြဆိုးရှားလက်ထက် ပထမဆုံးဗိုလ်လုပွဲအဖြစ် ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲအဆင့်အထိတက်ရောက်နိုင်ခဲ့ပြီး 2017 ခုနှစ်နောက်ပိုင်း အဓိကဆုဖလားတစ်ခုမှ မရခဲ့တဲ့မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ချက်ရှိနေတာ တွေ့ရဘာတယ် ။

အဲဒါကြောင့် ယူနိုက်တက်အသင်းတာဝန်ရှိသူတွေ ကတော့ ကစားသမားတွေ ပိုပြီးနိုင်လိုစိတ်ပြင်းထန်လာအောင် ယူရိုပါလိဂ်မှာဗိုလ်စွဲခဲ့ရင် ဆုကြေး 4 သန်းကို ကစားသမားတွေအတွက် ခွဲဝေပေးသွားဖို့ စီစဉ်နေတာပါ။

အဲဒါကြောင့် ယူနိုက်တက်ကစားသမားတွေအနေနဲ့ ဗီလာရီးယဲလ်ကို အနိုင်ရခဲ့မယ်ဆိုရင် ကစားသမား 1 ယောက်ကို 75000 ရဖို့ရှိပြီး ပြင်သစ်ကြယ်ပွင့် ကွင်းလယ် ကစားသမား ပေါ.ပေါ့ဘာ လိုအဓိက ကစားသမားတွေကတော့ သိန်းဂဏန်း အထိ ဆုကြေးရသွားဖို့ရှိပါတယ်။

ယူနိုက်တက်အသင်း သည် ဒီရာသီမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပြိုင်ပွဲတွေကစားခဲ့တာကြောင့် အဲဒီအတွက် ရုပ်သံထုတ်လွှင့်ခအဖြစ် သန်း 90 အထိရမှာဖြစ်ပြီး တကယ်လို့ ယူရိုပါလိဂ်မှာဗိုလ်စွဲခဲ့ရင် အခုထက်ပိုများတဲ့ပမာဏရဖို့ရှိနေပါပြီ။ကရက်ဒစ်