Sports

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ အံ့ဖွယ် ပါဝင်လာတဲ့ အာဆင်နယ် ကွင်းလယ်လူ

အာဆင်နယ် အသင်း ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ဟာ အာတီတာ လက်အောက်မှာ ပုံမှန် ပွဲထွက် ကစားခွင့် ရနေတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ် ။

ဆွစ်ဇာလန် လက်ရွေးစင် ကွင်းလယ်လူ ရှာကာ ဟာ CIES Football Observatory က ​ရွေးချယ်တဲ့ အာဆင်နယ် အသင်း ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သလို အခုအခါမှာလည်း CIES ရဲ့ ပရီးမီးယားလိဂ် ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာလည်း ထပ်မံ ပါဝင် လာခဲ့ပါတယ် ။

ရှာကာ ဟာ ၂၀၂၀-၂၁ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ မန်စီးတီး ကစားသမား ရိုဒရီ ရဲ့ ကွင်းလယ် တွဲဖက် အဖြစ် ရွေးချယ် ခံခဲ့ရတာလည်း ဖြစ်ပါတယ် ။ ရှာကာ ဟာ နှစ်စကတည်းက အာဆင်နယ် အသင်းရဲ့ ပွဲတိုင်းလိုလိုမှာ ပါဝင် ကစားခွင့် ရထားသူပါ ။

CIES Football Observatory က ထုတ်ပြန်တဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ချန်ပီယံ မန်စီးတီး အသင်းမှ ဂိုးသမား အီဒါဆန် ၊ နောက်ခံလူ ရူဘင်ဒီယက်ဇ် နဲ့ ကန်ဆယ်လို ၊ ကွင်းလယ်လူ ရိုဒရီ နဲ့ တိုက်စစ် ကစားသမား စတာလင် တို့ ပါဝင် ခဲ့ပြီး ဒီဘရိုင်းတော့ ပါဝင် လာခဲ့ခြင်း မရှိပါဘူး ။

ဒုတိယနေရာက မန်ယူနိုက်တက် အသင်းမှ ဘရူနို ဖာနန်ဒက်စ် နဲ့ လင်ဒီအောဖ့်တို့ ပါဝင် ခဲဲ့ပြီး တတိယ နေရာက လီဗာပူး အသင်းမှ ရောဘတ်ဆန် ပါဝင် ခဲ့ပါတယ် ။ စတုတ္တနေရာက ချဲလ်ဆီး အသင်းမှ မေဆင့်မောင် လည်း ပါဝင် ခဲ့သလို ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင် စပါး တိုက်စစ်မှူး ဟယ်ရီကိန်း လည်း ပါဝင် ခဲ့ပါတယ် ။

ထူးထူးခြားခြား အနေနဲ့ ဒီရာသီ ဥရောပပြိုင်ပွဲ ဝင်ကစားခွင့် နဲ့ လွဲချော် ခဲ့တဲ့ အာဆင်နယ် အသင်းက ဂရန်းနစ် ရှာကာ လည်း CIES Football Observatory ရဲ့ EPL တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ပါဝင် လာခဲ့ပါတယ် ။

အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရှာကာ ဟာ အာဆင်နယ် အသင်းမှာ ကစားလာတာ ငါးနှစ်ကျော် ရှိသွားခဲ့ပြီး လက်ရှိ နည်းပြ မီခေးလ် အာတီတာ ရဲ့ ယုံကြည်မှု ကို အပြည့်အဝ ရရှိထားတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ။

ဒါပေမယ့် ရှာကာ ဟာ လာမယ့် နွေရာသီမှာ အာဆင်နယ် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ စီနီယာ ကစားသမားတွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။

ရှာကာ ကတော့ သူကော မိသားစုဝင်တွေကောဟာ မြောက်လန်ဒန်မှာ ပျော်ရွှင်နေကြကြောင်း RP Online နဲ့ အင်တာဗျူးမှာ” ရာသီကုန်ခါနီးဆို ကောလဟလ သတင်းတွေက အမြဲလိုလို ထွက်လာလေ့ ရှိတာပါပဲ ။ ”

” ဒါပေမယ့် ကျွန်တော်က ဒီအသင်း နဲ့ စာချုပ် သက်တမ်း နှစ်နှစ် ကျန်ရှိနေပါသေးတယ် ၊ ဒီမှာ မိသားစု နဲ့ အတူ နေရတဲ့ အတွက်လည်း ပျော်ရွှင်ပါတယ် ။ လက်ရှိမှာ ပထမ ဦးစားပေးကတော့ နိုင်ငံ အသင်း နဲ့ အတူ ယူရို ၂၀၂၀ မှာ အောင်မြင်မှု ရရှိဖို့ပါ ။ ” လို့ ဖြေကြား ထားဖူးပါတယ် ။

SM

Unicode











SM