Celebrity

ကဆုန်လပြည့်နေ့မှာ ကုသိုလ်ကောင်းမှုများစွာပြုလုပ်ရင်း မြန်မာပြည်ကြီး အမြန်အေးချမ်းဖို့ ဆုတောင်းပေးခဲ့တဲ့ ဘေဘီမောင်

ဘေဘီမောင်ကတော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့ အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။  ပရိသတ်တွေအပေါ်မှာလည်း  တလေးတစားဆက်ဆံပြီး  လူတိုင်းအပေါ်မှာလည်း  ကူညီချင်စိတ်ရှိသူ ဖြစ်တာကြောင့်  အားလုံးက ချစ်ခင်နေကြတာပါ။  

 

ခုလို အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ အပြည့်အဝ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်ကုသိုလ်ယူတတ်တဲ့ ဘေဘီမောင်လကတော့ ယနေ့ ကဆုန်လပြည့်နေ့လေးမှာလည်း ကောင်းမှုတွေပြုရင်း သူမနဲ့ထပ်တူ ပြည်သူပရိသတ်တွေလည်း သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ဆုတောင်းစကားတွေနဲ့အတူ ဝေမျှလာပါတယ်။

” မင်္ဂလာနံက်ခင်းပါ ယနေ့ ကဆုန်လပြည့် ဗုဒ္ဓ နေ့က စပြီး  တိုင်းသူပြည်သားအားလုံး ယနေ့လပြည့်ညမှာသာတဲ့..လမင်းကြီးလို ပြည့်ဝကြပါစေ အေးချမ်းကြပါစေ အပြစ်ကင်းကြပါစေ..လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ..မြန်မာတပြည်လုံး ငြိမ်းချမ်းသာယာရှိကြပါစေလို့ မေတ္တာပို့ ဆုတောင်း ပေးပါတယ်” ဆိုပြီးရေးသားဖော်ပြထားရာ ပြန်လည်ဝေမျှပေးရင်း ဘေဘီမောင်လည်း ဒီထက်မက ကောင်းမှုကုသိုလ်တွေ ပြုလုပ်နိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Baby Maung